Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:36-42 Myanmar Standard Bible (MSB)

36. ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ​လျက် ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သော​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သော​အ​ခါ ‘ဘု​ရား​သ​ခင်​ကို​စော်​ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သ​လော။

37. ငါ​သည် ငါ့​ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို မ​ဆောင်​ရွက်​လျှင် ငါ့​ကို​မ​ယုံ​ကြည်​ကြ​နှင့်။

38. သို့​သော် ငါ​ဆောင်​ရွက်​လျှင် ငါ့​ကို​မ​ယုံ​ကြည်​သော်​လည်း ထို​အ​မှု​တော်​များ​ကို ယုံ​ကြည်​ကြ​လော့။ ထို​သို့​ယုံ​ကြည်​ပါ​က ခ​မည်း​တော်​သည် ငါ​၌​ရှိ​တော်​မူ​လျက် ငါ​သည် ခ​မည်း​တော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိ​ရှိ​၍​နား​လည်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

39. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် သူ​တို့​၏​လက်​မှ​လွတ်​မြောက်​၍ ကြွ​သွား​တော်​မူ​၏။

40. ထို့​နောက် ကိုယ်​တော်​သည် ယ​ခင်​က ယော​ဟန်​ဗတ္တိ​ဇံ​ပေး​ခဲ့​ရာ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့ တစ်​ဖန်​ကြွ​၍ ထို​အ​ရပ်​၌​နေ​တော်​မူ​၏။

41. လူ​များ​စွာ​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​၍ “ယော​ဟန်​သည် မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ မ​ပြု​ခဲ့​သော်​လည်း ဤ​သူ​နှင့်​ပတ်​သက်​၍ သူ​ပြော​ဆို​ခဲ့​သော​အ​ရာ​အား​လုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။

42. ဤ​သို့​ဖြင့် ထို​အ​ရပ်​တွင် လူ​များ​စွာ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။