Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:19-30 Myanmar Standard Bible (MSB)

19. ဤ​စ​ကား​တော်​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​ထဲ​တွင် ကွဲ​ပြား​ခြင်း​ရှိ​ကြ​ပြန်​၏။

20. သူ​တို့​ထဲ​မှ အ​များ​စု​က “သူ​သည် နတ်​ဆိုး​ပူး​၍ ရူး​သွပ်​နေ​ပြီ။ သူ့​ကို အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း”​ဟု ဆို​ကြ​၏။

21. အ​ခြား​သော​သူ​တို့​က “ဤ​စ​ကား​တို့​သည် နတ်​ဆိုး​ပူး​သူ​၏​စ​ကား​မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​မ​မြင်​တို့​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

22. ထို​စဉ်​က ဂျေ​ရု​ဆ​လင်​မြို့​၌ ဗိ​မာန်​တော်​သန့်​စင်​ခြင်း​အ​ထိမ်း​အ​မှတ်​ပွဲ​တော်​ရှိ​၏။ အ​ချိန်​ကား ဆောင်း​ကာ​လ​ဖြစ်​၏။

23. ယေ​ရှု​သည် ဗိ​မာန်​တော်​၌​ရှိ​သော ရှော​လ​မုန်​မုခ်​ဆောင်​တွင် ကြွ​တော်​မူ​စဉ်

24. ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဝိုင်း​ရံ​လျက် “သင်​သည် အ​ကျွန်ုပ်​တို့​၏​စိတ်​ကို မည်​မျှ​ကြာ​အောင် ဒွိ​ဟ​ဖြစ်​စေ​မည်​နည်း။ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​တို့​အား အ​တိ​အ​လင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။

25. ယေ​ရှု​က​လည်း “သင်​တို့​ကို ငါ​ပြော​ခဲ့​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ ငါ့​ခ​မည်း​တော်​၏​နာ​မ​တော်​အား​ဖြင့် ငါ​ပြု​နေ​သော​အ​မှု​များ​သည် ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။

26. သို့​သော် သင်​တို့​မ​ယုံ​ကြည်​ကြ။ မ​ယုံ​ကြ​သည့်​အ​ကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

27. ငါ့​သိုး​တို့​သည် ငါ့​အ​သံ​ကို​နား​ထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။

28. ငါ​သည် သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​၍ သူ​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ မ​ပျက်​စီး​ရ။ မည်​သူ​မျှ သူ​တို့​ကို ငါ့​လက်​ထဲ​မှ​လု​ယူ​၍​မ​ရ​နိုင်။

29. သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သော​ငါ့​ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ မည်​သူ​မျှ သူ​တို့​ကို ခ​မည်း​တော်​၏​လက်​ထဲ​မှ​မ​လု​ယူ​နိုင်။

30. ငါ​နှင့်​ခ​မည်း​တော်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။