Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:15-24 Myanmar Standard Bible (MSB)

15. ငါ​သည် သိုး​တို့​အ​တွက် ငါ့​အ​သက်​ကို​စွန့်​၏။

16. ငါ​၌ ဤ​သိုး​ခြံ​ထဲ​မှ​မ​ဟုတ်​သော အ​ခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အ​သံ​ကို​နား​ထောင်​ကြ​သ​ဖြင့် သိုး​အုပ်​တစ်​အုပ်​တည်း၊ သိုး​ထိန်း​တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

17. ငါ​သည် အ​သက်​ကို​ပြန်​လည်​ရ​ယူ​ရန် ငါ့​အ​သက်​ကို​စွန့်​သော​ကြောင့် ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​၏။

18. မည်​သူ​က​မျှ​ငါ့​အ​သက်​ကို ငါ့​ထံ​မှ​နုတ်​ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အ​လျောက် ငါ့​အ​သက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အ​သက်​ကို​စွန့်​ပိုင်​ခွင့်​ရှိ​၍ ၎င်း​ကို ပြန်​လည်​ရ​ယူ​ပိုင်​ခွင့်​ရှိ​၏။ ငါ​သည် ဤ​အ​မိန့်​ကို ငါ့​ခ​မည်း​တော်​ထံ​မှ​ရ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

19. ဤ​စ​ကား​တော်​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​ထဲ​တွင် ကွဲ​ပြား​ခြင်း​ရှိ​ကြ​ပြန်​၏။

20. သူ​တို့​ထဲ​မှ အ​များ​စု​က “သူ​သည် နတ်​ဆိုး​ပူး​၍ ရူး​သွပ်​နေ​ပြီ။ သူ့​ကို အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း”​ဟု ဆို​ကြ​၏။

21. အ​ခြား​သော​သူ​တို့​က “ဤ​စ​ကား​တို့​သည် နတ်​ဆိုး​ပူး​သူ​၏​စ​ကား​မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​မ​မြင်​တို့​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

22. ထို​စဉ်​က ဂျေ​ရု​ဆ​လင်​မြို့​၌ ဗိ​မာန်​တော်​သန့်​စင်​ခြင်း​အ​ထိမ်း​အ​မှတ်​ပွဲ​တော်​ရှိ​၏။ အ​ချိန်​ကား ဆောင်း​ကာ​လ​ဖြစ်​၏။

23. ယေ​ရှု​သည် ဗိ​မာန်​တော်​၌​ရှိ​သော ရှော​လ​မုန်​မုခ်​ဆောင်​တွင် ကြွ​တော်​မူ​စဉ်

24. ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ဝိုင်း​ရံ​လျက် “သင်​သည် အ​ကျွန်ုပ်​တို့​၏​စိတ်​ကို မည်​မျှ​ကြာ​အောင် ဒွိ​ဟ​ဖြစ်​စေ​မည်​နည်း။ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​တို့​အား အ​တိ​အ​လင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။