Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:46-51 Myanmar Standard Bible (MSB)

46. နာ​သ​နေ​လ​က​လည်း “နာ​ဇ​ရက်​မြို့​ထဲ​မှ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​နိုင်​သ​လော”​ဟု ဆို​သော် ဖိ​လိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။

47. ယေ​ရှု​သည် မိ​မိ​ထံ​သို့ နာ​သ​နေ​လ​လာ​နေ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ စစ်​မှန်​သော​အစ္စ​ရေး​အ​မျိုး​သား​ပေ​တည်း။ သူ​၌​စဉ်း​လဲ​ခြင်း​မ​ရှိ”​ဟု သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​၏။

48. နာ​သ​နေ​လ​က​လည်း “ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မည်​သို့​သိ​ပါ​သ​နည်း”​ဟု မေး​လျှောက်​သော် ယေ​ရှု​က “ဖိ​လိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သ​ဖန်း​ပင်​အောက်​၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

49. နာ​သ​နေ​လ​က “ရဗ္ဗိ၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စ​ရေး​ဘု​ရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

50. ယေ​ရှု​က​လည်း “သ​ဖန်း​ပင်​အောက်​၌ သင့်​ကို ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် သင်​ယုံ​ကြည်​သ​လော။ ဤ​ထက်​ကြီး​မြတ်​သော​အ​ရာ​များ​ကို သင်​မြင်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင်

51. “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကောင်း​ကင်​သည်​ပွင့်​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တို့​သည် လူ့​သား​၏​အ​ပေါ်​တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။