45. ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
46. နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
47. ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင် “ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
48. နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက “ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏”ဟု ပြန်၍မိန့်တော်မူ၏။
49. နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
50. ယေရှုကလည်း “သဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟုဆိုသောကြောင့် သင်ယုံကြည်သလော။ ဤထက်ကြီးမြတ်သောအရာများကို သင်မြင်ရလိမ့်မည်”ဟု ပြန်၍မိန့်တော်မူပြီးလျှင်
51. “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်သည်ပွင့်လျက် ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ့သား၏အပေါ်တွင် တက်လျက်ဆင်းလျက်နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်”ဟု မိန့်တော်မူ၏။