Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:32-46 Myanmar Standard Bible (MSB)

32. တစ်​ဖန် ယော​ဟန်​သည် သက်​သေ​ခံ​သည်​ကား “ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကောင်း​ကင်​မှ​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

33. ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် ရေ​၌​ဗတ္တိ​ဇံ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​က ‘တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့ ဝိ​ညာဉ်​တော်​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း

34. ငါ​မြင်​ရ​သ​ဖြင့် ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်​သေ​ခံ​သည်”​ဟု ဆို​လေ​၏။

35. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် တစ်​ဖန် မိ​မိ​၏​တ​ပည့်​နှစ်​ဦး​တို့​နှင့်​အ​တူ ရပ်​နေ​စဉ်

36. ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။

37. ထို​သို့ ယော​ဟန်​ပြော​ဆို​သည်​ကို တ​ပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေ​ရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

38. ယေ​ရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင် “မည်​သည့်​အ​ရာ​ကို​အ​လို​ရှိ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်​တော်​အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

39. ယေ​ရှု​က “လာ​ကြ​လော့။ သင်​တို့​သိ​မြင်​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို​တွေ့​မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်​တော်​နှင့်​အ​တူ​နေ​ခဲ့​ကြ​၏။ ထို​အ​ချိန်​ကား ည​နေ​လေး​နာ​ရီ​ခန့်​ဖြစ်​၏။

40. ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲ​မှ​တစ်​ဦး​သည် ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။

41. အန္ဒြေ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ဦး​စွာ​တွေ့​၍ “ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်

42. သူ့​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​၏။ (မေ​ရှိ​ယ​၏​အ​ဓိပ္ပာယ်​မှာ ဘိ​သိက်​ခံ​ရ​သူ​ဟူ​၍​ဖြစ်​၏။) ယေ​ရှု​သည် ရှိ​မုန်​ကို​စူး​စိုက်​ကြည့်​၍ “သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ သင်​သည် ကေ​ဖ​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ (ကေ​ဖ​၏​အ​ဓိပ္ပာယ်​မှာ ကျောက်​ဟူ​၍​ဖြစ်​၏။)

43. နောက်​တစ်​နေ့​တွင် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​သို့​ထွက်​ခွာ​ရန် အ​လို​တော်​ရှိ​၏။ ထို​အ​ခါ ဖိ​လိပ္ပု​ကို​တွေ့​လျှင် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

44. ဖိ​လိပ္ပု​သည် အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​၏​ဇာ​တိ​မြို့​ဖြစ်​သော ဗက်​ဇဲ​ဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။

45. ဖိ​လိပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင် “မော​ရှေ​သည် ပ​ညတ်​တ​ရား​ကျမ်း​၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည်​လည်း သူ​တို့​ကျမ်း​၌​လည်း​ကောင်း ရေး​သား​ဖော်​ပြ​ထား​သော​သူ၊ ယော​သပ်​၏​သား၊ နာ​ဇ​ရက်​မြို့​မှ​ယေ​ရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။

46. နာ​သ​နေ​လ​က​လည်း “နာ​ဇ​ရက်​မြို့​ထဲ​မှ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​နိုင်​သ​လော”​ဟု ဆို​သော် ဖိ​လိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။