Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:29-36 Myanmar Standard Bible (MSB)

29. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် မိ​မိ​ထံ​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လော​က​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​သော ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း။

30. ‘ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​၏​အ​ကြောင်း​ပင်​ဖြစ်​သည်။

31. ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် အစ္စ​ရေး​လူ​မျိုး​ရှေ့​၌ သူ့​ကို​ထင်​ရှား​စေ​ရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိ​ဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။

32. တစ်​ဖန် ယော​ဟန်​သည် သက်​သေ​ခံ​သည်​ကား “ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကောင်း​ကင်​မှ​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

33. ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် ရေ​၌​ဗတ္တိ​ဇံ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​က ‘တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့ ဝိ​ညာဉ်​တော်​ဆင်း​သက်​၍ သူ့​အ​ပေါ်​၌​တည်​တော်​မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း

34. ငါ​မြင်​ရ​သ​ဖြင့် ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်​သေ​ခံ​သည်”​ဟု ဆို​လေ​၏။

35. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် တစ်​ဖန် မိ​မိ​၏​တ​ပည့်​နှစ်​ဦး​တို့​နှင့်​အ​တူ ရပ်​နေ​စဉ်

36. ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။