Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:21-31 Myanmar Standard Bible (MSB)

21. ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22. ထို​သူ​တို့​က​လည်း “သင်​သည်​မည်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေ​ကြား​နိုင်​ရန် သင့်​အ​ကြောင်း​ကို သင်​မည်​သို့​ပြော​မည်​နည်း”​ဟု ဆို​ကြ​၏။

23. ယော​ဟန်​က “ငါ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း ‘ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ဖြောင့်​တန်း​စေ​ကြ​လော့’​ဟူ​၍ တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​သူ​၏​အ​သံ​ဖြစ်​၏”​ဟု ဆို​၏။

24. ထို​သူ​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထဲ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

25. တစ်​ဖန် သူ​တို့​က “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​လည်း​မ​ဟုတ်၊ ထို​ပ​ရော​ဖက်​လည်း​မ​ဟုတ်​လျှင် အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

26. ယော​ဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သင်​တို့​အ​လယ်​၌ သင်​တို့​မ​သိ​သော​အ​ရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။

27. ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​သော​အ​ရှင်​ဖြစ်​၏။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်​တန်”​ဟု ပြန်​ပြော​၏။

28. ဤ​အ​ခြင်း​အ​ရာ​တို့​သည် ယော​ဟန်​ဗတ္တိ​ဇံ​ပေး​နေ​သော ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း၊ ဗေ​သ​နိ​ရွာ​တွင်​ဖြစ်​ပျက်​ခဲ့​၏။

29. နောက်​တစ်​နေ့​၌ ယော​ဟန်​သည် မိ​မိ​ထံ​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လော​က​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​သော ဘု​ရား​သ​ခင်​၏​သိုး​သ​ငယ်​တော်​ပေ​တည်း။

30. ‘ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​၏​အ​ကြောင်း​ပင်​ဖြစ်​သည်။

31. ငါ​သည်​လည်း အ​စ​က သူ့​ကို​မ​သိ။ သို့​ရာ​တွင် အစ္စ​ရေး​လူ​မျိုး​ရှေ့​၌ သူ့​ကို​ထင်​ရှား​စေ​ရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိ​ဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။