Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:19-25 Myanmar Standard Bible (MSB)

19. ဂျူး​လူ​မျိုး​တို့​သည် ယော​ဟန်​ထံ​သို့ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဂျေ​ရု​ဆ​လင်​မြို့​မှ​စေ​လွှတ်​၍ “သင်​သည်​မည်​သူ​နည်း”​ဟု မေး​မြန်း​စေ​ကြ​သော​အ​ခါ ယော​ဟန်​၏​သက်​သေ​ခံ​ချက်​မှာ ဤ​သို့​ဖြစ်​၏။

20. ယော​ဟန်​သည် ထိမ်​ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်​ခံ​၍ “ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်”​ဟု အ​တိ​အ​လင်း​ပြော​လေ​၏။

21. ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22. ထို​သူ​တို့​က​လည်း “သင်​သည်​မည်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေ​ကြား​နိုင်​ရန် သင့်​အ​ကြောင်း​ကို သင်​မည်​သို့​ပြော​မည်​နည်း”​ဟု ဆို​ကြ​၏။

23. ယော​ဟန်​က “ငါ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ခဲ့​သည့်​အ​တိုင်း ‘ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ဖြောင့်​တန်း​စေ​ကြ​လော့’​ဟူ​၍ တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​သူ​၏​အ​သံ​ဖြစ်​၏”​ဟု ဆို​၏။

24. ထို​သူ​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထဲ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။

25. တစ်​ဖန် သူ​တို့​က “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​လည်း​မ​ဟုတ်၊ ထို​ပ​ရော​ဖက်​လည်း​မ​ဟုတ်​လျှင် အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​ပေး​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။