Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:15-17 Myanmar Standard Bible (MSB)

15. ယော​ဟန်​သည် ထို​အ​ရှင်​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက် “ငါ့​နောက်​တွင် ကြွ​လာ​သော​အ​ရှင်​သည် ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေး​ကြော်​လေ​၏။

16. အ​ကျွန်ုပ်​တို့​အား​လုံး​သည် ထို​အ​ရှင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​ထဲ​မှ ကျေး​ဇူး​တော်​အ​ပေါ်​၌ ထပ်​ဆင့်​၍ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပြီ။

17. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​ကို မော​ရှေ​အား​ဖြင့်​ပေး​တော်​မူ​၏။ ကျေး​ဇူး​တော်​နှင့်​သမ္မာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့်​ဖြစ်​လာ​၏။