Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:12-21 Myanmar Standard Bible (MSB)

12. သို့​ရာ​တွင် ကိုယ်​တော်​ကို​လက်​ခံ​သ​မျှ​သော​သူ​တည်း​ဟူ​သော ကိုယ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​သော​သူ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​၏။

13. ထို​သား​သ​မီး​တို့​သည် မျိုး​ရိုး​ဇာ​တိ​အား​ဖြင့်​သော်​လည်း​ကောင်း၊ ကိုယ်​ကာ​ယ​၏​အ​လို​ဆန္ဒ​အား​ဖြင့်​သော်​လည်း​ကောင်း၊ လူ​၏​အ​လို​ဆန္ဒ​အား​ဖြင့်​သော်​လည်း​ကောင်း မွေး​ဖွား​ကြ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​အား​ဖြင့်​သာ မွေး​ဖွား​ကြ​၏။

14. နှုတ်​က​ပတ်​တော်​သည် လူ​သား​အ​ဖြစ်​ကို​ခံ​ယူ​၍ အ​ကျွန်ုပ်​တို့​တွင်​စံ​မြန်း​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို ဖူး​မြင်​ကြ​ရ​၏။ ထို​ဘုန်း​တော်​ကား ခ​မည်း​တော်​ထံ​ပါး​၌ တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​၏။

15. ယော​ဟန်​သည် ထို​အ​ရှင်​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက် “ငါ့​နောက်​တွင် ကြွ​လာ​သော​အ​ရှင်​သည် ငါ့​ထက်​အ​လျင်​ဦး​စွာ​ရှိ​နှင့်​သည်​ဖြစ်​၍ ငါ့​ထက်​ကြီး​မြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အ​ရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေး​ကြော်​လေ​၏။

16. အ​ကျွန်ုပ်​တို့​အား​လုံး​သည် ထို​အ​ရှင်​၏​ပြည့်​စုံ​တော်​မူ​ခြင်း​ထဲ​မှ ကျေး​ဇူး​တော်​အ​ပေါ်​၌ ထပ်​ဆင့်​၍ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပြီ။

17. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​ကို မော​ရှေ​အား​ဖြင့်​ပေး​တော်​မူ​၏။ ကျေး​ဇူး​တော်​နှင့်​သမ္မာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့်​ဖြစ်​လာ​၏။

18. ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ​မ​မြင်​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​သည့် တစ်​ပါး​တည်း​သော​သား​တော်​ဘု​ရား​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

19. ဂျူး​လူ​မျိုး​တို့​သည် ယော​ဟန်​ထံ​သို့ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဂျေ​ရု​ဆ​လင်​မြို့​မှ​စေ​လွှတ်​၍ “သင်​သည်​မည်​သူ​နည်း”​ဟု မေး​မြန်း​စေ​ကြ​သော​အ​ခါ ယော​ဟန်​၏​သက်​သေ​ခံ​ချက်​မှာ ဤ​သို့​ဖြစ်​၏။

20. ယော​ဟန်​သည် ထိမ်​ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်​ခံ​၍ “ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်”​ဟု အ​တိ​အ​လင်း​ပြော​လေ​၏။

21. ထို​အ​ခါ သူ​တို့​က “သို့​ဖြစ်​လျှင် သင်​သည်​မည်​သူ​နည်း။ ဧ​လိ​ယ​လော”​ဟု မေး​ကြ​သော် ယော​ဟန်​က “ငါ​သည် ဧ​လိ​ယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပ​ရော​ဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။