Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 1:1-11 Myanmar Standard Bible (MSB)

1. အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ​၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

2. နှုတ်​က​ပတ်​တော်​သည် အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​၏။

3. ခပ်​သိမ်း​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​လာ​၏။ ဖြစ်​လာ​သော​အ​ရာ​တို့​တွင် တစ်​စုံ​တစ်​ခု​မျှ နှုတ်​က​ပတ်​တော်​နှင့်​ကင်း​လွတ်​၍ ဖြစ်​လာ​ခြင်း​မ​ရှိ။

4. နှုတ်​က​ပတ်​တော်​၌ အ​သက်​ရှိ​၍ ထို​အ​သက်​သည် လူ​တို့​၏​အ​လင်း​ဖြစ်​၏။

5. ထို​အ​လင်း​သည် မှောင်​မိုက်​၌​ထွန်း​လင်း​၍ မှောင်​မိုက်​သည် သူ့​ကို​မ​လွှမ်း​မိုး​နိုင်။

6. ဘု​ရား​သ​ခင်​ထံ​မှ​စေ​လွှတ်​ခြင်း​ခံ​ရ​သော ယော​ဟန်​အ​မည်​ရှိ​သူ​တစ်​ဦး​ပေါ်​ထွန်း​လာ​၏။

7. လူ​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့် ယုံ​ကြည်​လာ​မည့်​အ​ကြောင်း သူ​သည် အ​လင်း​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန် သက်​သေ​အ​ဖြစ်​လာ​၏။

8. သူ​သည်​အ​လင်း​မ​ဟုတ်။ အ​လင်း​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​သာ​လာ​၏။

9. စစ်​မှန်​သော​အ​လင်း​သည် ဤ​လော​က​သို့​ကြွ​လာ​၍ လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​အ​ရှင်​ဖြစ်​၏။

10. ကိုယ်​တော်​သည် ဤ​လော​က​၌​ရှိ​နှင့်​တော်​မူ​၍ ဤ​လော​က​သည် ကိုယ်​တော်​အား​ဖြင့်​ဖြစ်​လာ​သော်​လည်း ဤ​လော​က​သည် ကိုယ်​တော်​ကို​မ​သိ။

11. ကိုယ်​တော်​သည် မိ​မိ​အ​ရပ်​သို့​ကြွ​လာ​သော်​လည်း မိ​မိ​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။