ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ

  1. 1
  2. 2
  3. 3
  4. 4
  5. 5

Myanmar Standard Bible

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 3 Myanmar Standard Bible (MSB)

နှုတ်​လျှာ​စောင့်​စည်း​ခြင်း

1. ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို​၍​တင်း​ကျပ်​သော​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဖြစ်​ကြောင်း သိ​မှတ်​လျက် ဆ​ရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။

2. အ​ကြောင်း​မူ​ကား ငါ​တို့​ရှိ​သ​မျှ​သည် များ​စွာ​မှား​ယွင်း​တတ်​ကြ​၏။ မည်​သူ​မ​ဆို စ​ကား​ပြော​ခြင်း​အ​ရာ​၌ မှား​ယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိ​မိ​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​လည်း​ချုပ်​တည်း​နိုင်​သည့် စုံ​လင်​သော​သူ​ဖြစ်​၏။

3. ငါ​တို့​ကို​နာ​ခံ​စေ​ရန် မြင်း​၏​ပါး​စပ်​ထဲ​သို့ ဇက်​ခွံ့​သော​အ​ခါ သူ​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ငါ​တို့​လှည့်​နိုင်​၏။

4. သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထို​မျှ​လောက်​ကြီး​မား​၍ လေ​ပြင်း​တိုက်​ရာ​သို့​လွင့်​ပါ​တတ်​သော်​လည်း သေး​ငယ်​သော​တက်​မ​အား​ဖြင့် တက်​မ​ကိုင်​အ​လို​ရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။

5. ထို​နည်း​တူ လျှာ​သည်​လည်း သေး​ငယ်​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်​၏။ မည်​မျှ​လောက်​သေး​ငယ်​သော​မီး​သည် မည်​မျှ​လောက်​ကြီး​မား​သော​သစ်​တော​ကို​မီး​စွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။

6. လျှာ​သည် မီး​ဖြစ်​၏။ မ​တ​ရား​မှု​၏​လော​က​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​ထဲ​က တစ်​ခု​ဖြစ်​ပြီး ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ညစ်​ညူး​စွန်း​ထင်း​စေ​လျက် ဘ​ဝ​တစ်​ခု​လုံး​ကို လောင်​ကျွမ်း​စေ​ကာ မိ​မိ​သည်​လည်း င​ရဲ​မီး​၏​လောင်​ကျွမ်း​ခြင်း​ကို​ခံ​ရ​၏။

7. လူ​သား​တို့​သည် သား​ရဲ​တိ​ရစ္ဆာန်​နှင့်​ကျေး​ငှက်​မျိုး​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​နှင့်​ရေ​သတ္တ​ဝါ​မျိုး​အ​ပေါင်း​တို့​ကို ယဉ်​ပါး​စေ​နိုင်​သ​ကဲ့​သို့ ယဉ်​လည်း​ယဉ်​ပါး​စေ​ခဲ့​ကြ​၏။

8. သို့​သော် လျှာ​ကို​ယဉ်​ပါး​စေ​နိုင်​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်း​ချုပ်​၍​မ​ရ​နိုင်​သော​အ​ဆိုး​အ​မိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အ​ဆိပ်​အ​တောက်​နှင့် ပြည့်​လျက်​ရှိ​၏။

9. ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း​ခံ​ရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်​ဆဲ​တတ်​ကြ​၏။

10. နှုတ်​တစ်​ခု​ထဲ​မှ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း​တို့ ထွက်​လာ​တတ်​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်​ပေ။

11. စမ်း​ရေ​ပေါက်​တစ်​ခု​ထဲ​မှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သ​လော။

12. ငါ့​ညီ​အစ်​ကို​တို့၊ သ​ဖန်း​ပင်​သည် သံ​လွင်​သီး​များ​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သ​ဖန်း​သီး​များ​ကို သီး​နိုင်​သ​လော။ ထို့​အ​တူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်​ပေါ်​စေ​နိုင်​ပေ။

အ​ထက်​အ​ရပ်​မှ​လာ​သော​ဉာဏ်​ပ​ညာ

13. သင်​တို့​တွင် မည်​သူ​သည် ပ​ညာ​ရှိ​ဖြစ်​ပြီး တတ်​သိ​လိမ္မာ​သူ​ဖြစ်​သ​နည်း။ ထို​သူ​သည် ဉာဏ်​ပ​ညာ​၏​နူး​ညံ့​သိမ်​မွေ့​ခြင်း​၌​တည်​သော မိ​မိ​၏​လုပ်​ဆောင်​မှု​တို့​ကို ကောင်း​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​အား​ဖြင့် သက်​သေ​ပြ​ပါ​စေ။

14. သို့​သော် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ခါး​သီး​သော​မ​နာ​လို​ခြင်း​နှင့် တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​၍ ဝါ​ကြွား​ခြင်း၊ လိမ်​ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။

15. ထို​သို့​သော​ဉာဏ်​ပ​ညာ​သည် အ​ထက်​အ​ရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လော​က​နှင့်​လည်း​ကောင်း၊ ဇာ​တိ​နှင့်​လည်း​ကောင်း၊ နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း စပ်​ဆိုင်​၏။

16. အ​ကြောင်း​မူ​ကား မ​နာ​လို​ခြင်း​နှင့်​တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း​ရှိ​သော​နေ​ရာ​တွင် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့် ဆိုး​ညစ်​သော​အ​မှု​အ​မျိုး​မျိုး​တို့​ရှိ​တတ်​၏။

17. သို့​သော် အ​ထက်​အ​ရပ်​မှ​လာ​သော​ဉာဏ်​ပ​ညာ​သည် ပ​ထ​မ​ဦး​စွာ သန့်​ရှင်း​စင်​ကြယ်​၏။ ထို့​နောက် ငြိမ်း​ချမ်း​သော​သ​ဘော၊ ညင်​သာ​သော​သ​ဘော​နှင့် ပျော့​ပျောင်း​သော​သ​ဘော​ရှိ​၍ က​ရု​ဏာ​နှင့်​ကောင်း​မြတ်​သော​အ​သီး​အ​ပွင့်​တို့​ဖြင့်​ပြည့်​စုံ​ကာ မျက်​နှာ​လိုက်​ခြင်း၊ ဟန်​ဆောင်​ခြင်း​တို့​နှင့် ကင်း​စင်​၏။

18. ငြိမ်း​ချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​အ​သီး​၏​မျိုး​စေ့​ကို ငြိမ်း​ချမ်း​စွာ​ကြဲ​တတ်​ကြ​၏။