Myanmar Standard Bible

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1:6-12 Myanmar Standard Bible (MSB)

6. သို့​သော် သံ​သ​ယ​စိတ်​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​လျှောက်​ရ​မည်။ အ​ကြောင်း​မူ​ကား သံ​သ​ယ​စိတ်​ရှိ​သော​သူ​သည် လေ​တိုက်​၍​ထ​ကြွ​လှုပ်​ရှား​တတ်​သော ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့်​တူ​၏။

7. ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တစ်​စုံ​တစ်​ခု​ကို​ရ​လိမ့်​မည်​ဟု မ​ထင်​မှတ်​စေ​နှင့်။

8. ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​၍ မိ​မိ​ပြု​လေ​သ​မျှ​တို့​၌ တည်​ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။

9. နိမ့်​ပါး​သည့်​အ​ခြေ​အ​နေ​၌​ရှိ​သော​ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​ခံ​ရ​သော​အ​ခါ ဂုဏ်​ယူ​ဝမ်း​မြောက်​စေ။

10. ချမ်း​သာ​သော​သူ​သည် မိ​မိ​နှိမ့်​ချ​ခြင်း​ခံ​ရ​သော​အ​ခါ ဂုဏ်​ယူ​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား ချမ်း​သာ​သော​သူ​သည် မြက်​ပွင့်​ကဲ့​သို့ ကွယ်​ပျောက်​သွား​လိမ့်​မည်။

11. နေ​သည် အ​ပူ​ရှိန်​နှင့်​တ​ကွ​ထွက်​လာ​သော​အ​ခါ မြက်​ပင်​ကို ညှိုး​နွမ်း​ခြောက်​သွေ့​စေ​တတ်​၏။ ထို​အ​ခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်​တယ်​သော​အ​ဆင်း​သည်​ပျက်​စီး​သွား​၏။ ထို​နည်း​တူ ချမ်း​သာ​သော​သူ​သည်​လည်း မိ​မိ​၏​စီး​ပွား​ရှာ​ဖွေ​မှု​အ​လယ်​၌​ပင် မှေး​မှိန်​ကွယ်​ပျောက်​သွား​လိမ့်​မည်။

12. စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား စုံ​စမ်း​စစ်​ဆေး​ခြင်း​ကို​အောင်​မြင်​သော​အ​ခါ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။