22. နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
23. မည်သူမဆို နှုတ်ကပတ်တော်ကို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိလျှင် ထိုသူသည် မိမိ၏ပကတိမျက်နှာကို မှန်ထဲ၌ကြည့်သောသူနှင့်တူ၏။
24. အကြောင်းမူကား သူသည် မိမိကိုယ်ကိုကြည့်ပြီး ထွက်ခွာသွားသည်နှင့် မိမိသည် မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ချက်ချင်းမေ့လျော့သွားတတ်၏။
25. သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
26. တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။
27. ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။