20. အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။
21. ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
22. နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
23. မည်သူမဆို နှုတ်ကပတ်တော်ကို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိလျှင် ထိုသူသည် မိမိ၏ပကတိမျက်နှာကို မှန်ထဲ၌ကြည့်သောသူနှင့်တူ၏။
24. အကြောင်းမူကား သူသည် မိမိကိုယ်ကိုကြည့်ပြီး ထွက်ခွာသွားသည်နှင့် မိမိသည် မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ချက်ချင်းမေ့လျော့သွားတတ်၏။
25. သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
26. တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။