Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:3-14 Myanmar Standard Bible (MSB)

3. ကိုယ်​တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​သည် အ​နာ​ကြီး​ရော​ဂါ​ပျောက်​ကင်း​၍ စင်​ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

4. ထို​အ​ခါ ယေ​ရှု​က “မည်​သူ့​ကို​မျှ​မ​ပြော​ရန် သ​တိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ခဲ့​သည့်​အ​တိုင်း ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

5. ထို့​နောက် ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​တော်​မူ​လျှင် တပ်​မှူး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍

6. “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ငယ်​သား​တစ်​ယောက်​သည် လေ​ဖြတ်​၍ ဝေ​ဒ​နာ​ပြင်း​ထန်​စွာ​ခံ​စား​လျက် အိမ်​၌​လဲ​လျောင်း​နေ​ရ​ပါ​၏”​ဟု တောင်း​ပန်​လျှောက်​ထား​လေ​၏။

7. ယေ​ရှု​က​လည်း “ငါ​လာ​၍ သူ့​ကို​ကျန်း​မာ​စေ​မည်”​ဟု မိန့်​တော်​မူ​သော်

8. တပ်​မှူး​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​အိမ်​ခေါင်​မိုး​အောက်​သို့ ကိုယ်​တော်​ကြွ​ဝင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​ကို​သာ ပေး​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​၏​ငယ်​သား​သည် ကျန်း​မာ​ပါ​လိမ့်​မည်။

9. ဤ​သို့​ဆို​ခြင်း​မှာ အ​ကျွန်ုပ်​သည်​လည်း အ​မိန့်​အာ​ဏာ​အောက်​၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​လက်​အောက်​တွင် စစ်​သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အ​ကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အ​ခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အ​ကျွန်ုပ်​၏​အ​စေ​အ​ပါး​ကို​လည်း ‘ဤ​အ​ရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ​၍ လျှောက်​လေ​၏။

10. ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် အံ့​ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား “သင်​တို့​ကို ငါ​အ​မှန်​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တစ်​စုံ​တစ်​ဦး​ကို​မျှ အစ္စ​ရေး​လူ​မျိုး​ထဲ​၌ ငါ​မ​တွေ့​ဖူး​ချေ။

11. သင်​တို့​အား ငါ​ဆို​သည်​ကား များ​စွာ​သော​လူ​တို့​သည် အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​တို့​မှ​လာ​၍ ကောင်း​ကင်​နိုင်​ငံ​တော်​၌ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​လိမ့်​မည်။

12. နိုင်​ငံ​တော်​၏​သား​တို့​မူ​ကား အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် ယေ​ရှု​သည် တပ်​မှူး​အား “သွား​လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​နာ​ရီ​၌​ပင် သူ​၏​ငယ်​သား​သည် ကျန်း​မာ​လာ​လေ​၏။

14. ထို့​နောက် ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ​လျှင် ပေ​တ​ရု​၏​ယောက္ခ​မ​သည် ဖျား​နာ​လျက် အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​နေ​သည်​ကို တွေ့​မြင်​တော်​မူ​၏။