Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:29-34 Myanmar Standard Bible (MSB)

29. ထို​သူ​တို့​က “ဘု​ရား​သ​ခင်​၏​သား​တော်၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​တန်​မီ အ​ကျွန်ုပ်​တို့​အား​ညှဉ်း​ဆဲ​ရန် ဤ​နေ​ရာ​သို့​ကြွ​လာ​တော်​မူ​သ​လော”​ဟု အော်​ဟစ်​လျှောက်​ထား​ကြ​၏။

30. သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေ​ရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်​စား​လျက်​ရှိ​၏။

31. နတ်​ဆိုး​တို့​က “အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​မည်​ဆို​လျှင် ဝက်​အုပ်​ထဲ​သို့ စေ​လွှတ်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

32. ကိုယ်​တော်​က​လည်း “သွား​ကြ​လော့”​ဟု မိန့်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ထွက်​သွား​၍ ဝက်​များ​ထဲ​သို့​ဝင်​ကြ​ရာ ဝက်​အုပ်​တစ်​အုပ်​လုံး​သည် တောင်​ကမ်း​ပါး​အ​တိုင်း ပင်​လယ်​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဆင်း​ကာ ရေ​ထဲ​၌​သေ​ဆုံး​ကြ​ကုန်​၏။

33. ဝက်​ထိန်း​ကျောင်း​သော​သူ​တို့​သည် ထွက်​ပြေး​၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် နတ်​ဆိုး​ပူး​သူ​တို့​၏​အ​ကြောင်း​မှ​စ​၍ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို ပြော​ပြ​ကြ​၏။

34. ထို​အ​ခါ ယေ​ရှု​နှင့်​တွေ့​ဆုံ​ရန် တစ်​မြို့​လုံး​ထွက်​လာ​၍ ကိုယ်​တော်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ ထွက်​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။