Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:22-26 Myanmar Standard Bible (MSB)

22. ယေ​ရှု​က​လည်း “ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​တို့​၏​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါ​လေ​စေ”​ဟု မိန့်​တော်​မူ​၏။

23. ထို့​နောက် ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

24. ထို​အ​ခါ ပင်​လယ်​ပေါ်​၌ ပြင်း​ထန်​သော​မုန်​တိုင်း​ကျ​ရောက်​လာ​သ​ဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လု​မ​တတ်​ဖြစ်​လေ​၏။ သို့​သော် ကိုယ်​တော်​သည် အိပ်​စက်​နေ​တော်​မူ​၏။

25. တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​၍ ကိုယ်​တော်​ကို​နှိုး​လျက် “သ​ခင်​ဘု​ရား၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ရ​ပါ​တော့​မည်”​ဟု လျှောက်​ကြ​၏။

26. ထို​အ​ခါ ကိုယ်​တော်​က “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း”​ဟု မိန့်​တော်​မူ​ပြီး​လျှင် ထ​၍ လေ​နှင့်​ပင်​လယ်​တို့​ကို ဆုံး​မ​တော်​မူ​ရာ အ​လွန်​ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။