Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:20-27 Myanmar Standard Bible (MSB)

20. ယေ​ရှု​က​လည်း “မြေ​ခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်း​ကင်​ငှက်​တို့​၌​လည်း အ​သိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူ​ကား ခေါင်း​ချ​စ​ရာ​နေ​ရာ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

21. တစ်​ဖန် အ​ခြား​တ​ပည့်​တော်​တစ်​ပါး​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဖ​ခင်​ကို ဦး​စွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

22. ယေ​ရှု​က​လည်း “ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​တို့​၏​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါ​လေ​စေ”​ဟု မိန့်​တော်​မူ​၏။

23. ထို့​နောက် ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

24. ထို​အ​ခါ ပင်​လယ်​ပေါ်​၌ ပြင်း​ထန်​သော​မုန်​တိုင်း​ကျ​ရောက်​လာ​သ​ဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လု​မ​တတ်​ဖြစ်​လေ​၏။ သို့​သော် ကိုယ်​တော်​သည် အိပ်​စက်​နေ​တော်​မူ​၏။

25. တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​၍ ကိုယ်​တော်​ကို​နှိုး​လျက် “သ​ခင်​ဘု​ရား၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ရ​ပါ​တော့​မည်”​ဟု လျှောက်​ကြ​၏။

26. ထို​အ​ခါ ကိုယ်​တော်​က “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း”​ဟု မိန့်​တော်​မူ​ပြီး​လျှင် ထ​၍ လေ​နှင့်​ပင်​လယ်​တို့​ကို ဆုံး​မ​တော်​မူ​ရာ အ​လွန်​ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။

27. ထို​သူ​တို့​သည် အံ့​ဩ​လျက် “ဤ​သူ​ကား မည်​သို့​သော​သူ​ဖြစ်​သ​နည်း။ လေ​နှင့်​ပင်​လယ်​တို့​ပင်​လျှင် သူ့​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု ပြော​ဆို​ကြ​၏။