Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:1-5 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် တောင်​ပေါ်​မှ ကြွ​ဆင်း​လာ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

2. ထို​အ​ခါ အ​နာ​ကြီး​ရော​ဂါ​သည်​တစ်​ဦး​သည် ချဉ်း​ကပ်​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို​စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။

3. ကိုယ်​တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​သည် အ​နာ​ကြီး​ရော​ဂါ​ပျောက်​ကင်း​၍ စင်​ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

4. ထို​အ​ခါ ယေ​ရှု​က “မည်​သူ့​ကို​မျှ​မ​ပြော​ရန် သ​တိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ခဲ့​သည့်​အ​တိုင်း ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

5. ထို့​နောက် ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​တော်​မူ​လျှင် တပ်​မှူး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍