Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 7:5-11 Myanmar Standard Bible (MSB)

5. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

6. သန့်​ရှင်း​သော​အ​ရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပု​လဲ​များ​ကို​လည်း ဝက်​တို့​ရှေ့​၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အ​ရာ​များ​ကို မိ​မိ​တို့​ခြေ​ဖြင့်​နင်း​ခြေ​ပြီး​လျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်​ဖြတ်​ကြ​မည်​ကို​စိုး​ရိမ်​ရ​၏။

7. တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

8. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

9. သင်​တို့​တွင် မည်​သူ​သည် မိ​မိ​၏​သား​က မုန့်​ကို​တောင်း​သော​အ​ခါ ကျောက်​ခဲ​ကို​ပေး​မည်​နည်း၊

10. သို့​မ​ဟုတ် ငါး​ကို​တောင်း​သော​အ​ခါ မြွေ​ကို​ပေး​မည်​နည်း။

11. သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် မိ​မိ​တို့​၏​သား​သ​မီး​များ​အား ကောင်း​သော​လက်​ဆောင်​များ​ပေး​ရ​မည်​ကို သိ​ကြ​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် မိ​မိ​ထံ​တောင်း​လျှောက်​သော​သူ​များ​အား ကောင်း​သည့်​အ​ရာ​များ​ကို သာ​၍​ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။