Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 7:4-9 Myanmar Standard Bible (MSB)

4. သင်​သည် မိ​မိ​မျက်​စိ​၌​သစ်​တုံး​ရှိ​လျက်​ပင် သင့်​ညီ​အစ်​ကို​အား ‘သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

5. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

6. သန့်​ရှင်း​သော​အ​ရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပု​လဲ​များ​ကို​လည်း ဝက်​တို့​ရှေ့​၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အ​ရာ​များ​ကို မိ​မိ​တို့​ခြေ​ဖြင့်​နင်း​ခြေ​ပြီး​လျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်​ဖြတ်​ကြ​မည်​ကို​စိုး​ရိမ်​ရ​၏။

7. တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

8. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

9. သင်​တို့​တွင် မည်​သူ​သည် မိ​မိ​၏​သား​က မုန့်​ကို​တောင်း​သော​အ​ခါ ကျောက်​ခဲ​ကို​ပေး​မည်​နည်း၊