Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 7:3-15 Myanmar Standard Bible (MSB)

3. သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

4. သင်​သည် မိ​မိ​မျက်​စိ​၌​သစ်​တုံး​ရှိ​လျက်​ပင် သင့်​ညီ​အစ်​ကို​အား ‘သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

5. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

6. သန့်​ရှင်း​သော​အ​ရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပု​လဲ​များ​ကို​လည်း ဝက်​တို့​ရှေ့​၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အ​ရာ​များ​ကို မိ​မိ​တို့​ခြေ​ဖြင့်​နင်း​ခြေ​ပြီး​လျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်​ဖြတ်​ကြ​မည်​ကို​စိုး​ရိမ်​ရ​၏။

7. တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

8. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

9. သင်​တို့​တွင် မည်​သူ​သည် မိ​မိ​၏​သား​က မုန့်​ကို​တောင်း​သော​အ​ခါ ကျောက်​ခဲ​ကို​ပေး​မည်​နည်း၊

10. သို့​မ​ဟုတ် ငါး​ကို​တောင်း​သော​အ​ခါ မြွေ​ကို​ပေး​မည်​နည်း။

11. သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် မိ​မိ​တို့​၏​သား​သ​မီး​များ​အား ကောင်း​သော​လက်​ဆောင်​များ​ပေး​ရ​မည်​ကို သိ​ကြ​လျှင် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် မိ​မိ​ထံ​တောင်း​လျှောက်​သော​သူ​များ​အား ကောင်း​သည့်​အ​ရာ​များ​ကို သာ​၍​ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

12. သို့​ဖြစ်​၍ သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။ ဤ​သည်​ကား ပ​ညတ်​တ​ရား​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ်​ဖြစ်​၏။

13. ကျဉ်း​သော​တံ​ခါး​မှ​ဝင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ပျက်​စီး​ခြင်း​သို့​ရောက်​သော​တံ​ခါး​သည် ကျယ်​ဝန်း​၍ လမ်း​သည်​ပြန့်​ပြူး​၏။ ထို​တံ​ခါး​မှ​ဝင်​သော​သူ​တို့​သည်​လည်း များ​ပြား​လှ​၏။

14. အ​သက်​ရှင်​ခြင်း​သို့​ရောက်​သော​တံ​ခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်း​တမ်း​၏။ ထို​တံ​ခါး​ကို​တွေ့​ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။

15. ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ကို သ​တိ​ထား​ကြ​လော့။ သူ​တို့​သည် သိုး​ရေ​ခြုံ​လျက် သင်​တို့​ထံ​သို့​လာ​သော်​လည်း အ​တွင်း​၌​ကား အ​ငမ်း​မ​ရ​ဖြစ်​သည့်​ဝံ​ပု​လွေ​ကဲ့​သို့​ဖြစ်​ကြ​၏။