25. မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သော်လည်း ကျောက်ပေါ်၌အုတ်မြစ်ချထားသောကြောင့် ထိုအိမ်သည် မပြိုလဲပေ။
26. ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ မကျင့်သုံးသောသူတိုင်းသည် သဲပေါ်၌ မိမိအိမ်ကိုဆောက်သည့် မိုက်မဲသောသူနှင့်တူ၏။
27. မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည်ပြိုလဲသွား၏။ ၎င်း၏ပြိုလဲခြင်းသည်လည်း ဆိုးရွားလှပေ၏။”
28. ဤတရားစကားတို့ကို ယေရှုသွန်သင်တော်မူပြီးသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
29. အကြောင်းမူကား ကိုယ်တော်သည် သူတို့၏ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သွန်သင်တော်မူ၏။