Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 7:16-27 Myanmar Standard Bible (MSB)

16. သူ​တို့​၏​အ​သီး​များ​အား​ဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ဆူး​ပင်​မှ စ​ပျစ်​သီး​ကို​လည်း​ကောင်း၊ ဆူး​လေ​ပင်​မှ သ​ဖန်း​သီး​ကို​လည်း​ကောင်း ဆွတ်​ခူး​ရ​လေ့​ရှိ​သ​လော။

17. ထို​နည်း​တူ ကောင်း​သော​အ​ပင်​တိုင်း​သည် ကောင်း​သော​အ​သီး​ကို​သီး​တတ်​၏။ မ​ကောင်း​သော​အ​ပင်​မူ​ကား မ​ကောင်း​သော​အ​သီး​ကို​သီး​တတ်​၏။

18. ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို​မ​သီး​နိုင်။ မ​ကောင်း​သော​အ​ပင်​သည်​လည်း ကောင်း​သော​အ​သီး​ကို​မ​သီး​နိုင်။

19. ကောင်း​သော​အ​သီး​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။

20. သို့​ဖြစ်​၍ သူ​တို့​၏​အ​သီး​များ​အား​ဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။

21. ‘သ​ခင်​ဘု​ရား၊ သ​ခင်​ဘု​ရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​ကို ဆောင်​ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်​မည်။

22. ထို​နေ့​ရက်​တွင် များ​စွာ​သော​သူ​တို့​သည် ‘သ​ခင်​ဘု​ရား၊ သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​ပြု​ဟော​ပြော​လျက် ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် နတ်​ဆိုး​များ​ကို​နှင်​ထုတ်​ကာ ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် တန်​ခိုး​လက္ခ​ဏာ​များ​စွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်​မည်။

23. ထို​အ​ခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံး​ဝ​မ​သိ။ တ​ရား​မဲ့​သော​အ​မှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့’​ဟု အ​တိ​အ​လင်း​ပြော​မည်။

24. သို့​ဖြစ်​၍ ငါ​ဟော​ပြော​သော ဤ​တ​ရား​စ​ကား​တို့​ကို​ကြား​၍ ကျင့်​သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်​၌ မိ​မိ​အိမ်​ကို​ဆောက်​သည့် ပ​ညာ​သ​တိ​ရှိ​သော​သူ​နှင့်​တူ​၏။

25. မိုး​ရွာ​၍ မြစ်​ရေ​စီး​ဆင်း​လာ​ကာ လေ​ထန်​သ​ဖြင့် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း ကျောက်​ပေါ်​၌​အုတ်​မြစ်​ချ​ထား​သော​ကြောင့် ထို​အိမ်​သည် မ​ပြို​လဲ​ပေ။

26. ငါ​ဟော​ပြော​သော ဤ​တ​ရား​စ​ကား​တို့​ကို​ကြား​၍ မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်​၌ မိ​မိ​အိမ်​ကို​ဆောက်​သည့် မိုက်​မဲ​သော​သူ​နှင့်​တူ​၏။

27. မိုး​ရွာ​၍ မြစ်​ရေ​စီး​ဆင်း​လာ​ကာ လေ​ထန်​သ​ဖြင့် ထို​အိမ်​ကို​တိုက်​ခတ်​သော​အ​ခါ ထို​အိမ်​သည်​ပြို​လဲ​သွား​၏။ ၎င်း​၏​ပြို​လဲ​ခြင်း​သည်​လည်း ဆိုး​ရွား​လှ​ပေ​၏။”