Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 7:1-10 Myanmar Standard Bible (MSB)

1. သင်​တို့​သည် စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း သူ​တစ်​ပါး​ကို မ​စီ​ရင်​ကြ​နှင့်။

2. အ​ကြောင်း​မူ​ကား သင်​တို့​စီ​ရင်​သည့်​နည်း​လမ်း​အ​တိုင်း သင်​တို့​သည် စီ​ရင်​ခြင်း​ခံ​ရ​၍ သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​လိမ့်​မည်။

3. သင်​သည် မိ​မိ​မျက်​စိ​၌​ရှိ​သော​သစ်​တုံး​ကို သ​တိ​မ​မူ​ဘဲ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​၌​ရှိ​သော​သစ်​အ​မှုန်​အ​စ​ကို အ​ဘယ်​ကြောင့်​မြင်​သ​နည်း။

4. သင်​သည် မိ​မိ​မျက်​စိ​၌​သစ်​တုံး​ရှိ​လျက်​ပင် သင့်​ညီ​အစ်​ကို​အား ‘သင်​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို ထုတ်​ပေး​ပါ​ရ​စေ’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

5. သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ၊ သင်​၏​မျက်​စိ​ထဲ​မှ သစ်​တုံး​ကို ဦး​စွာ​ထုတ်​ပစ်​လော့။ ထို​အ​ခါ သင့်​ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​မှ သစ်​အ​မှုန်​အ​စ​ကို​ထုတ်​ပစ်​ရန် ရှင်း​လင်း​စွာ​မြင်​ရ​လိမ့်​မည်။

6. သန့်​ရှင်း​သော​အ​ရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပု​လဲ​များ​ကို​လည်း ဝက်​တို့​ရှေ့​၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အ​ရာ​များ​ကို မိ​မိ​တို့​ခြေ​ဖြင့်​နင်း​ခြေ​ပြီး​လျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်​ဖြတ်​ကြ​မည်​ကို​စိုး​ရိမ်​ရ​၏။

7. တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်​မည်။

8. အ​ကြောင်း​မူ​ကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံ​ခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်​မည်။

9. သင်​တို့​တွင် မည်​သူ​သည် မိ​မိ​၏​သား​က မုန့်​ကို​တောင်း​သော​အ​ခါ ကျောက်​ခဲ​ကို​ပေး​မည်​နည်း၊

10. သို့​မ​ဟုတ် ငါး​ကို​တောင်း​သော​အ​ခါ မြွေ​ကို​ပေး​မည်​နည်း။