Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:6-18 Myanmar Standard Bible (MSB)

6. ည​သန်း​ခေါင်​၌ ‘ကြည့်​ရှု​လော့။ သ​တို့​သား​ရောက်​လာ​ပြီ။ သူ့​ကို​ကြို​ဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူ​သော​အော်​ဟစ်​သံ​ထွက်​ပေါ်​လာ​ရာ

7. အ​ပျို​က​ညာ​အား​လုံး​တို့​သည် ထ​၍ မိ​မိ​တို့​၏​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ​၏။

8. ထို​အ​ခါ မိုက်​မဲ​သော​သူ​တို့​က ‘ငါ​တို့​မီး​ခွက်​များ​မီး​ငြိမ်း​တော့​မည်​ဖြစ်​၍ သင်​တို့​၏​ဆီ​အ​ချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။

9. သို့​သော် ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​က ‘ထို​သို့​ပြု​လျှင် သင်​တို့​နှင့်​ငါ​တို့​အ​တွက် လုံ​လောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံ​သို့​သာ​သွား​၍ မိ​မိ​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။

10. သူ​တို့​သွား​၍ ဝယ်​နေ​ကြ​စဉ် သ​တို့​သား​ရောက်​လာ​သ​ဖြင့် အ​သင့်​ရှိ​နေ​သော​သူ​တို့​သည် သ​တို့​သား​နှင့်​အ​တူ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဝင်​ကြ​၏။ ထို​အ​ခါ တံ​ခါး​ကို​ပိတ်​ကြ​၏။

11. ထို့​နောက် အ​ခြား​သော​အ​ပျို​က​ညာ​တို့​သည်​လည်း ရောက်​လာ​၍ ‘အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​၏။

12. သို့​သော် သ​တို့​သား​က ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သင်​တို့​ကို ငါ​မ​သိ’​ဟု ပြန်​ပြော​လေ​၏။

13. သို့​ဖြစ်​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​နှင့် ထို​အ​ချိန်​နာ​ရီ​ကို သင်​တို့​မ​သိ​ကြ။

14. ဤ​သည်​ကား ခ​ရီး​ထွက်​မည့်​လူ​တစ်​ဦး​သည် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်​နှင်း​ခဲ့​သည်​နှင့်​တူ​၏။

15. သူ​သည် အ​စေ​အ​ပါး​အ​သီး​သီး​တို့​အား သူ​တို့​၏​အ​ရည်​အ​ချင်း​နှင့်​အ​ညီ တစ်​ဦး​ကို​ငါး​တာ​လန်၊ အ​ခြား​တစ်​ဦး​ကို​နှစ်​တာ​လန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာ​လန် စ​သည်​ဖြင့် ပေး​အပ်​ပြီး​လျှင် ခ​ရီး​ထွက်​လေ​၏။

16. ငါး​တာ​လန်​ရ​သော​သူ​သည် ချက်​ချင်း​သွား​၍ ထို​ငွေ​များ​ဖြင့်​ကုန်​သွယ်​လျက် နောက်​ထပ် ငါး​တာ​လန်​အ​မြတ်​ရ​လေ​၏။

17. ထို​နည်း​တူ နှစ်​တာ​လန်​ရ​သော​သူ​သည်​လည်း နောက်​ထပ် နှစ်​တာ​လန်​အ​မြတ်​ရ​လေ​၏။

18. တစ်​တာ​လန်​ရ​သော​သူ​မူ​ကား သွား​၍ မြေ​၌​တွင်း​တူး​ကာ မိ​မိ​သ​ခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။