Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:34-46 Myanmar Standard Bible (MSB)

34. ထို့​နောက် မင်း​ကြီး​သည် မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခ​မည်း​တော်​ထံ​မှ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​က​တည်း​က သင်​တို့​အ​တွက် ပြင်​ဆင်​ထား​သော​နိုင်​ငံ​တော်​ကို လာ​၍ အ​မွေ​ဆက်​ခံ​ကြ​လော့။

35. အ​ကြောင်း​မူ​ကား ငါ​သည် ဆာ​လောင်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​စား​စ​ရာ​ပေး​ကြ​၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​သောက်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။

36. ငါ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ဝတ်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် နာ​မ​ကျန်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​၏’​ဟု မိန့်​တော်​မူ​လိမ့်​မည်။

37. ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​က ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​ဆာ​လောင်​တော်​မူ​သည်​ကို​မြင်​၍ ကျွေး​မွေး​ခဲ့​ပါ​သ​နည်း။ သို့​မ​ဟုတ် ရေ​ငတ်​တော်​မူ​သည်​ကို​မြင်​၍ သောက်​စ​ရာ​ပေး​ခဲ့​ပါ​သ​နည်း။

38. မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​မြင်​၍ ကြို​ဆို​လက်​ခံ​ခဲ့​ပါ​သ​နည်း။ သို့​မ​ဟုတ်​အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​မြင်​၍ ဝတ်​စ​ရာ​ပေး​ခဲ့​ပါ​သ​နည်း။

39. မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​နာ​မ​ကျန်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ​တော်​မူ​သည်​ကို​လည်း​ကောင်း မြင်​၍ ကိုယ်​တော့်​ထံ​လာ​ခဲ့​ပါ​သ​နည်း’​ဟု မင်း​ကြီး​အား ပြန်​လျှောက်​ကြ​လိမ့်​မည်။

40. မင်း​ကြီး​က​လည်း ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ငါ​၏​ဤ​ညီ​အစ်​ကို​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​တစ်​ယောက်​အား သင်​တို့​ပြု​ခဲ့​သ​မျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်​မူ​လိမ့်​မည်။

41. ထို့​နောက် မင်း​ကြီး​သည် လက်​ဝဲ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား​လည်း ‘ကျိန်​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့၊ ငါ့​ထံ​မှ​ထွက်​ခွာ​၍ မာရ်​နတ်​နှင့်​သူ​၏​စေ​တ​မန်​များ​အ​တွက်​ပြင်​ဆင်​ထား​သော ထာ​ဝ​ရ​မီး​ထဲ​သို့ သွား​ကြ​လော့။

42. အ​ကြောင်း​မူ​ကား ငါ​သည် ဆာ​လောင်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​စား​စ​ရာ​မ​ပေး​ကြ။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​သောက်​စ​ရာ​မ​ပေး​ကြ။

43. ငါ​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြို​ဆို​လက်​ခံ​ခြင်း​မ​ရှိ​ကြ။ ငါ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ဝတ်​စ​ရာ​မ​ပေး​ကြ။ ငါ​သည် နာ​မ​ကျန်း​ဖြစ်​သော​အ​ခါ​နှင့် ထောင်​ကျ​သော​အ​ခါ​တွင်​လည်း သင်​တို့​သည် ငါ့​ကို​မ​ကြည့်​ရှု​ကြ’​ဟု မိန့်​တော်​မူ​လိမ့်​မည်။

44. ထို​အ​ခါ သူ​တို့​သည်​လည်း ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ခါ​တွင် ကိုယ်​တော်​ဆာ​လောင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ရေ​ငတ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​စိမ်း​ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ နာ​မ​ကျန်း​ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ​တော်​မူ​သည်​ကို​လည်း​ကောင်း မြင်​၍ ကိုယ်​တော်​ကို​မ​လုပ်​ကျွေး​မ​ပြု​စု​ဘဲ​နေ​ကြ​သ​နည်း’​ဟု ပြန်​လျှောက်​ကြ​လိမ့်​မည်။

45. မင်း​ကြီး​က​လည်း ‘သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​အ​ငယ်​ဆုံး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​တစ်​ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်​မူ​လိမ့်​မည်။

46. ထို​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့ သွား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။