Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:25-36 Myanmar Standard Bible (MSB)

25. ထို့​ကြောင့် အ​ကျွန်ုပ်​သည် ကြောက်​သ​ဖြင့် သွား​၍ သ​ခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သ​ခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။

26. သူ​၏​သ​ခင်​က​လည်း ‘ဆိုး​ညစ်​၍ ပျင်း​ရိ​သော​အ​စေ​အ​ပါး၊ ငါ​သည် မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

27. ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငါ​၏​ငွေ​ကို အ​တိုး​နှင့်​တ​ကွ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

28. ထို့​ကြောင့် တစ်​တာ​လန်​ကို သူ့​ထံ​မှ​ယူ​၍ ဆယ်​တာ​လန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။

29. အ​ကြောင်း​မူ​ကား ရှိ​သော​သူ​တိုင်း​အား ထပ်​၍​ပေး​သ​ဖြင့် သူ​တို့​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

30. အ​ကျိုး​မ​ပြု​သော ဤ​အ​စေ​အ​ပါး​ကို​ကား အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု ဆို​လေ​၏။

31. လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​နှင့်​တ​ကွ ကြွ​လာ​သော​အ​ခါ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော မိ​မိ​၏​ပလ္လင်​ပေါ်​၌ ထိုင်​တော်​မူ​လိမ့်​မည်။

32. ထို​အ​ခါ လူ​မျိုး​အ​ပေါင်း​တို့​ကို ရှေ့​တော်​၌ စု​ဝေး​စေ​ကြ​လိမ့်​မည်။ ထို့​နောက် သိုး​ထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီး​ခြား​ခွဲ​ထား​သ​ကဲ့​သို့ ကိုယ်​တော်​သည် သူ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး သီး​ခြား​ခွဲ​ထား​ကာ

33. သိုး​များ​ကို မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​လည်း​ကောင်း၊ ဆိတ်​များ​ကို လက်​ဝဲ​တော်​ဘက်​၌​လည်း​ကောင်း ထား​တော်​မူ​လိမ့်​မည်။

34. ထို့​နောက် မင်း​ကြီး​သည် မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခ​မည်း​တော်​ထံ​မှ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​က​တည်း​က သင်​တို့​အ​တွက် ပြင်​ဆင်​ထား​သော​နိုင်​ငံ​တော်​ကို လာ​၍ အ​မွေ​ဆက်​ခံ​ကြ​လော့။

35. အ​ကြောင်း​မူ​ကား ငါ​သည် ဆာ​လောင်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​စား​စ​ရာ​ပေး​ကြ​၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​သောက်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် သူ​စိမ်း​ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။

36. ငါ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ဝတ်​စ​ရာ​ပေး​ကြ​၏။ ငါ​သည် နာ​မ​ကျန်း​ဖြစ်​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​၏’​ဟု မိန့်​တော်​မူ​လိမ့်​မည်။