Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:1-9 Myanmar Standard Bible (MSB)

1. ထို​ကာ​လ​၌ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​တို့​မီး​ခွက်​များ​ကို​ယူ​ဆောင်​လျက် သ​တို့​သား​ကို​ကြို​ဆို​ရန် ထွက်​သွား​သည့် အ​ပျို​က​ညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်​မည်။

2. ထို​သူ​တို့​ထဲ​မှ ငါး​ယောက်​သည် မိုက်​မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။

3. မိုက်​မဲ​သော​သူ​တို့​သည် မိ​မိ​တို့​၏​မီး​ခွက်​ကို ယူ​သွား​ကြ​သော်​လည်း မိ​မိ​တို့​နှင့်​အ​တူ ဆီ​ကို​မ​ယူ​သွား​ကြ။

4. ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​မူ​ကား မိ​မိ​တို့​မီး​ခွက်​နှင့်​အ​တူ ဆီ​ကို ဘူး​ထဲ​၌​ယူ​သွား​ကြ​၏။

5. သ​တို့​သား​သည် ကြန့်​ကြာ​နေ​သော​ကြောင့် သူ​တို့​အား​လုံး​သည် ငိုက်​မျဉ်း​၍ အိပ်​ပျော်​ကြ​၏။

6. ည​သန်း​ခေါင်​၌ ‘ကြည့်​ရှု​လော့။ သ​တို့​သား​ရောက်​လာ​ပြီ။ သူ့​ကို​ကြို​ဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူ​သော​အော်​ဟစ်​သံ​ထွက်​ပေါ်​လာ​ရာ

7. အ​ပျို​က​ညာ​အား​လုံး​တို့​သည် ထ​၍ မိ​မိ​တို့​၏​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ​၏။

8. ထို​အ​ခါ မိုက်​မဲ​သော​သူ​တို့​က ‘ငါ​တို့​မီး​ခွက်​များ​မီး​ငြိမ်း​တော့​မည်​ဖြစ်​၍ သင်​တို့​၏​ဆီ​အ​ချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။

9. သို့​သော် ပ​ညာ​သ​တိ​ရှိ​သော​သူ​တို့​က ‘ထို​သို့​ပြု​လျှင် သင်​တို့​နှင့်​ငါ​တို့​အ​တွက် လုံ​လောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံ​သို့​သာ​သွား​၍ မိ​မိ​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။