1. ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည် မိမိတို့မီးခွက်များကိုယူဆောင်လျက် သတို့သားကိုကြိုဆိုရန် ထွက်သွားသည့် အပျိုကညာဆယ်ယောက်နှင့်တူလိမ့်မည်။
2. ထိုသူတို့ထဲမှ ငါးယောက်သည် မိုက်မဲသောသူဖြစ်ကြပြီး ငါးယောက်သည် ပညာသတိရှိသောသူဖြစ်ကြ၏။
3. မိုက်မဲသောသူတို့သည် မိမိတို့၏မီးခွက်ကို ယူသွားကြသော်လည်း မိမိတို့နှင့်အတူ ဆီကိုမယူသွားကြ။
4. ပညာသတိရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်အတူ ဆီကို ဘူးထဲ၌ယူသွားကြ၏။
5. သတို့သားသည် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။
6. ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ
7. အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏မီးခွက်များကို ပြင်ဆင်ကြ၏။
8. ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။
9. သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။
10. သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။