Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 22:42-46 Myanmar Standard Bible (MSB)

42. “သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ပတ်​သက်​၍ မည်​သို့ ထင်​မြင်​ကြ​သ​နည်း။ သူ​သည် မည်​သူ​၏​သား​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဒါ​ဝိဒ်​၏​သား​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

43. ကိုယ်​တော်​က​လည်း “သို့​ဖြစ်​လျှင် ဒါ​ဝိဒ်​သည် သူ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ‘သ​ခင်’​ဟု ခေါ်​လျက်

44. ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​အား သင်​၏​ရန်​သူ​တို့​ကို သင်​၏​ခြေ​ဖ​ဝါး​အောက်​၌ ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​ထား​သည်​မှာ မည်​သို့​နည်း။

45. ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟု ခေါ်​လျှင် ခ​ရစ်​တော်​သည် မည်​ကဲ့​သို့ သူ​၏​သား​ဖြစ်​နိုင်​မည်​နည်း”​ဟု မိန့်​တော်​မူ​၏။

46. ထို​အ​ခါ ကိုယ်​တော်​ကို စ​ကား​တစ်​ခွန်း​ပြန်​လျှောက်​ရန်​ပင် မည်​သူ​မျှ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ​၍ မည်​သူ​မျှ ကိုယ်​တော်​အား မေး​ခွန်း​များ​မ​မေး​ဝံ့​တော့​ချေ။