Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 22:23-39 Myanmar Standard Bible (MSB)

23. ထို​နေ့​၌​ပင် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍

24. “ဆ​ရာ၊ လူ​တစ်​ဦး​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ သေ​ဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်​ကို​၏​မ​ယား​ကို ဆက်​ခံ​ထိမ်း​မြား​လျက် သူ့​အစ်​ကို​၏​မျိုး​ဆက်​ကို ပေါက်​ဖွား​စေ​ရ​မည်​ဟု မော​ရှေ​ညွှန်​ကြား​ခဲ့​ပါ​သည်။

25. အ​ကျွန်ုပ်​တို့​ထံ​တွင် ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် အိမ်​ထောင်​ပြု​ပြီး မျိုး​ဆက်​မ​ရှိ​ဘဲ သေ​ဆုံး​လျက် သူ​၏​မ​ယား​ကို သူ့​ညီ​ထံ ထား​ရစ်​ခဲ့​ပါ​သည်။

26. ဒု​တိ​ယ​ညီ​နှင့်​တ​တိ​ယ​ညီ​မှ​စ​၍ ခု​နစ်​ယောက်​မြောက်​တိုင်​အောင် ထို​နည်း​တူ​ဖြစ်​ကြ​ပါ​သည်။

27. နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

28. သို့​ဖြစ်​လျှင် ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ ထို​မိန်း​မ​သည် ထို​ခု​နစ်​ဦး​တို့​ထဲ​မှ မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ထို​မိန်း​မ​နှင့်​ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

29. ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​၍ အ​ယူ​လွဲ​နေ​ကြ​၏။

30. အ​ကြောင်း​မူ​ကား ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ပေး​စား​ဆောင်​နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်း​ကင်​၌​ရှိ​သော ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ဖြစ်​ကြ​၏။

31-32. သေ​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​က ‘ငါ​သည် အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ဖြစ်​၏’​ဟု သင်​တို့​အား မိန့်​တော်​မူ​ခဲ့​သော​စ​ကား​ကို မ​ဖတ်​ဖူး​ကြ​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​သော​သူ​တို့​၏​ဘု​ရား​မ​ဟုတ်​ဘဲ အ​သက်​ရှင်​သော​သူ​တို့​၏​ဘု​ရား​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

33. လူ​ထု​ပ​ရိ​သတ်​တို့​သည် ကြား​သော​အ​ခါ ကိုယ်​တော်​၏​သွန်​သင်​ချက်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​၏။

34. ဇဒ္ဒု​ကဲ​တို့​ကို ကိုယ်​တော်​နှုတ်​ဆိတ်​စေ​တော်​မူ​ခဲ့​ကြောင်း ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် အ​တူ​တ​ကွ​စု​ဝေး​လာ​ကြ​၍

35. သူ​တို့​ထဲ​မှ ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့်

36. “ဆ​ရာ၊ ပ​ညတ်​တ​ရား​ထဲ​တွင် မည်​သည့်​ပ​ညတ်​ချက်​သည် ကြီး​မြတ်​သ​နည်း”​ဟု မေး​လျှောက်​လေ​၏။

37. ကိုယ်​တော်​က​လည်း “‘သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်။’

38. ဤ​သည်​ကား ကြီး​မြတ်​သည့် ပ​ထ​မ​ပ​ညတ်​ချက်​ဖြစ်​၏။

39. ဒု​တိ​ယ​ပ​ညတ်​ချက်​သည်​လည်း ၎င်း​နည်း​တူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်’​ဟူ​၍ ဖြစ်​၏။