Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 22:20-29 Myanmar Standard Bible (MSB)

20. ကိုယ်​တော်​က​လည်း “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

21. သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က​လည်း “သို့​ဖြစ်​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

22. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အံ့​ဩ​၍ ကိုယ်​တော်​ထံ​မှ ထွက်​သွား​ကြ​၏။

23. ထို​နေ့​၌​ပင် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​၍

24. “ဆ​ရာ၊ လူ​တစ်​ဦး​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ သေ​ဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်​ကို​၏​မ​ယား​ကို ဆက်​ခံ​ထိမ်း​မြား​လျက် သူ့​အစ်​ကို​၏​မျိုး​ဆက်​ကို ပေါက်​ဖွား​စေ​ရ​မည်​ဟု မော​ရှေ​ညွှန်​ကြား​ခဲ့​ပါ​သည်။

25. အ​ကျွန်ုပ်​တို့​ထံ​တွင် ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် အိမ်​ထောင်​ပြု​ပြီး မျိုး​ဆက်​မ​ရှိ​ဘဲ သေ​ဆုံး​လျက် သူ​၏​မ​ယား​ကို သူ့​ညီ​ထံ ထား​ရစ်​ခဲ့​ပါ​သည်။

26. ဒု​တိ​ယ​ညီ​နှင့်​တ​တိ​ယ​ညီ​မှ​စ​၍ ခု​နစ်​ယောက်​မြောက်​တိုင်​အောင် ထို​နည်း​တူ​ဖြစ်​ကြ​ပါ​သည်။

27. နောက်​ဆုံး​တွင် ထို​မိန်း​မ​သည်​လည်း သေ​ဆုံး​သွား​ပါ​သည်။

28. သို့​ဖြစ်​လျှင် ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ ထို​မိန်း​မ​သည် ထို​ခု​နစ်​ဦး​တို့​ထဲ​မှ မည်​သူ​၏​မ​ယား​ဖြစ်​ပါ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​လုံး​သည် ထို​မိန်း​မ​နှင့်​ပေါင်း​ဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေး​လျှောက်​ကြ​၏။

29. ယေ​ရှု​က​လည်း “သင်​တို့​သည် ကျမ်း​စာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​လည်း​ကောင်း မ​သိ​၍ အ​ယူ​လွဲ​နေ​ကြ​၏။