Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 22:12-20 Myanmar Standard Bible (MSB)

12. ‘အ​ဆွေ၊ သင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ​ကို​မ​ဝတ်​ဘဲ မည်​ကဲ့​သို့ ဤ​နေ​ရာ​သို့​ဝင်​လာ​သ​နည်း’​ဟု ထို​သူ​အား မေး​တော်​မူ​၏။ သို့​သော် သူ​သည် နှုတ်​ဆိတ်​လျက်​နေ​လေ​၏။

13. ထို​အ​ခါ ဘု​ရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်​နှောင်​၍ သူ့​ကို အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​၏။

14. အ​ကြောင်း​မူ​ကား ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် များ​စွာ​ရှိ​ကြ​သော်​လည်း ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

15. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​ကို နှုတ်​တော်​ထွက်​စ​ကား​ဖြင့် အ​ကွက်​ဆင်​ဖမ်း​နိုင်​ရန် တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

16. ထို့​နောက် သူ​တို့​၏​တ​ပည့်​များ​ကို ဟေ​ရုဒ်​၏​လူ​များ​နှင့်​အ​တူ အ​ထံ​တော်​သို့​စေ​လွှတ်​ကာ “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ သွန်​သင်​ကြောင်း​ကို​လည်း​ကောင်း၊ လူ့​မျက်​နှာ​ကို​မ​ထောက်​သော​ကြောင့် မည်​သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

17. သို့​ဖြစ်​၍ ဆ​ရာ​မည်​သို့​ထင်​မြင်​ကြောင်း အ​ကျွန်ုပ်​တို့​အား ပြော​ပြ​ပါ။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု မေး​လျှောက်​စေ​ကြ​၏။

18. သို့​သော် ယေ​ရှု​သည် သူ​တို့​၏​ဆိုး​ညစ်​မှု​ကို​သိ​တော်​မူ​၍ “သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။

19. အ​ခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့”​ဟု မိန့်​တော်​မူ​လျှင် သူ​တို့​သည် ဒေ​နာ​ရိ​တစ်​ပြား​ကို အ​ထံ​တော်​သို့​ယူ​လာ​ကြ​၏။

20. ကိုယ်​တော်​က​လည်း “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင်