Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 22:1-5 Myanmar Standard Bible (MSB)

1. တစ်​ဖန် ယေ​ရှု​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ

2. “ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​တွက် မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​သော ဘု​ရင်​တစ်​ပါး​နှင့်​တူ​၏။

3. သူ​သည် ဖိတ်​ခေါ်​ထား​သော​သူ​တို့​ကို မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ခေါ်​လာ​ရန် မိ​မိ​၏​အ​စေ​အ​ပါး​တို့​ကို​စေ​လွှတ်​သော်​လည်း သူ​တို့​သည် မ​လာ​လို​ကြ​ပေ။

4. တစ်​ဖန် သူ​သည် အ​ခြား​သော​အ​စေ​အ​ပါး​တို့​အား ‘ငါ​၏​ဧည့်​ခံ​ပွဲ​ကို ငါ​ပြင်​ဆင်​ထား​ပြီ။ ငါ​၏​နွား​လား​နှင့် ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ဖြစ်​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်​ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ​၍ မှာ​ကြား​လျက် စေ​လွှတ်​လေ​၏။

5. သို့​သော် သူ​တို့​သည် ဂ​ရု​မ​စိုက်​ကြ​ဘဲ တစ်​ဦး​သည် မိ​မိ​လယ်​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​သည် မိ​မိ​ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း သွား​ကြ​၏။