Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 1:19-25 Myanmar Standard Bible (MSB)

19. သူ​၏​ခင်​ပွန်း​ယော​သပ်​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​နှင့်​အ​ညီ မာ​ရိ​ကို အ​ရှက်​မ​ကွဲ​စေ​လို​သ​ဖြင့် သူ့​ကို​တိတ်​တ​ဆိတ်​ကွာ​ရှင်း​ရန် ရည်​ရွယ်​လေ​၏။

20. သို့​သော် ဤ​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ယော​သပ်​အား အိပ်​မက်​ထဲ​တွင်​ထင်​ရှား​၍ “ဒါ​ဝိဒ်​၏​သား​ယော​သပ်၊ မာ​ရိ​အား သင်​၏​ဇ​နီး​အ​ဖြစ်​ယူ​ရ​မည်​ကို မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖြစ်​၏။

21. သူ​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို သူ​တို့​၏​အ​ပြစ်​များ​မှ ကယ်​တင်​မည်​ဖြစ်​သော​ကြောင့် သူ​၏​အ​မည်​ကို ယေ​ရှု​ဟူ​၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်​ဆို​လေ​၏။

22. ဤ​အ​ရာ​အား​လုံး​ဖြစ်​ပျက်​သည်​မှာ ထာ​ဝ​ရ​ဘု​ရား​က

23. “ကြည့်​ရှု​လော့။ အ​ပျို​က​ညာ​သည် သန္ဓေ​တည်​၍ သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​၏​အ​မည်​ကို ဧ​မာ​နွေ​လ​ဟု ခေါ်​ကြ​လိမ့်​မည်”​ဟု ပ​ရော​ဖက်​အား​ဖြင့် မိန့်​တော်​မူ​သည့်​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။ (ဧ​မာ​နွေ​လ​၏​အ​ဓိပ္ပာယ်​မှာ ‘ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်’​ဟူ​၍ ဖြစ်​၏။)

24. ယော​သပ်​သည် အိပ်​ပျော်​ရာ​မှ နိုး​လာ​သော​အ​ခါ သူ့​အား ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​မိန့်​မှာ​သည့်​အ​တိုင်း​ပြု​၍ မာ​ရိ​ကို မိ​မိ​၏​ဇ​နီး​အ​ဖြစ်​ယူ​လေ​၏။

25. သို့​သော် သား​ယောက်ျား​မ​မွေး​ဖွား​မီ​တိုင်​အောင် မာ​ရိ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​၏။ ထို​သား​၏​အ​မည်​ကို​လည်း ယေ​ရှု​ဟု​မှည့်​ခေါ်​လေ​၏။