11. ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရချိန်တွင် ယောရှိသည် သားယေခေါနိနှင့် သူ၏ညီအစ်ကိုများကိုရ၏။
12. ဘေဘီလုံသို့ ရွှေ့ပြောင်းခြင်းခံရပြီးနောက် ယေခေါနိသည် သားရှာလသေလကိုရ၏။ ရှာလသေလသည် သားဇေရုဗဗေလကိုရ၏။
13. ဇေရုဗဗေလသည် သားအဗျုဒ်ကိုရ၏။ အဗျုဒ်သည် သားဧလျာကိမ်ကိုရ၏။ ဧလျာကိမ်သည် သားအာဇော်ကိုရ၏။
14. အာဇော်သည် သားဇာဒုတ်ကိုရ၏။ ဇာဒုတ်သည် သားအာခိမ်ကိုရ၏။ အာခိမ်သည် သားဧလုဒ်ကိုရ၏။
15. ဧလုဒ်သည် သားဧလာဇာကိုရ၏။ ဧလာဇာသည် သားမဿန်ကိုရ၏။ မဿန်သည် သားယာကုပ်ကိုရ၏။
16. ယာကုပ်သည် မာရိ၏ခင်ပွန်းဖြစ်သူ သားယောသပ်ကိုရ၍ ခရစ်တော်ဟုခေါ်သောယေရှုသည် ထိုမာရိမှမွေးဖွားတော်မူ၏။
17. သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။
18. ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
19. သူ၏ခင်ပွန်းယောသပ်သည် ဖြောင့်မတ်သောသူဖြစ်သည်နှင့်အညီ မာရိကို အရှက်မကွဲစေလိုသဖြင့် သူ့ကိုတိတ်တဆိတ်ကွာရှင်းရန် ရည်ရွယ်လေ၏။
20. သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။