Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 1:10-21 Myanmar Standard Bible (MSB)

10. ဟေ​ဇ​ကိ​သည် သား​မ​နာ​ရှေ​ကို​ရ​၏။ မ​နာ​ရှေ​သည် သား​အာ​မုန်​ကို​ရ​၏။ အာ​မုန်​သည် သား​ယော​ရှိ​ကို​ရ​၏။

11. ဘေ​ဘီ​လုံ​သို့​ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​ချိန်​တွင် ယော​ရှိ​သည် သား​ယေ​ခေါ​နိ​နှင့် သူ​၏​ညီ​အစ်​ကို​များ​ကို​ရ​၏။

12. ဘေ​ဘီ​လုံ​သို့ ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​ပြီး​နောက် ယေ​ခေါ​နိ​သည် သား​ရှာ​လ​သေ​လ​ကို​ရ​၏။ ရှာ​လ​သေ​လ​သည် သား​ဇေ​ရု​ဗ​ဗေ​လ​ကို​ရ​၏။

13. ဇေ​ရု​ဗ​ဗေ​လ​သည် သား​အ​ဗျုဒ်​ကို​ရ​၏။ အ​ဗျုဒ်​သည် သား​ဧ​လျာ​ကိမ်​ကို​ရ​၏။ ဧ​လျာ​ကိမ်​သည် သား​အာ​ဇော်​ကို​ရ​၏။

14. အာ​ဇော်​သည် သား​ဇာ​ဒုတ်​ကို​ရ​၏။ ဇာ​ဒုတ်​သည် သား​အာ​ခိမ်​ကို​ရ​၏။ အာ​ခိမ်​သည် သား​ဧ​လုဒ်​ကို​ရ​၏။

15. ဧ​လုဒ်​သည် သား​ဧ​လာ​ဇာ​ကို​ရ​၏။ ဧ​လာ​ဇာ​သည် သား​မဿန်​ကို​ရ​၏။ မဿန်​သည် သား​ယာ​ကုပ်​ကို​ရ​၏။

16. ယာ​ကုပ်​သည် မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ သား​ယော​သပ်​ကို​ရ​၍ ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​သည် ထို​မာ​ရိ​မှ​မွေး​ဖွား​တော်​မူ​၏။

17. သို့​ဖြစ်​၍ ဆွေ​မျိုး​အ​စဉ်​အ​ဆက်​စု​စု​ပေါင်း​ကား အာ​ဗြ​ဟံ​မှ ဒါ​ဝိဒ်​အ​ထိ တစ်​ဆယ့်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ ဘေ​ဘီ​လုံ​သို့​ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​သည့်​အ​ချိန်​အ​ထိ တစ်​ဆယ့်​လေး​ဆက်၊ ဘေ​ဘီ​လုံ​သို့​ရွှေ့​ပြောင်း​ခြင်း​ခံ​ရ​သည့်​အ​ချိန်​မှ ခ​ရစ်​တော်​အ​ထိ တစ်​ဆယ့်​လေး​ဆက်​ဖြစ်​၏။

18. ယေ​ရှု​ခ​ရစ်​တော်​၏​ဖွား​မြင်​တော်​မူ​ခြင်း​မှာ ဤ​သို့​ဖြစ်​၏။ ကိုယ်​တော်​၏​မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့်​စေ့​စပ်​ထား​၍ ပေါင်း​ဖက်​နေ​ထိုင်​ခြင်း​မ​ပြု​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် သန္ဓေ​တည်​သည်​ကို တွေ့​ရ​၏။

19. သူ​၏​ခင်​ပွန်း​ယော​သပ်​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​နှင့်​အ​ညီ မာ​ရိ​ကို အ​ရှက်​မ​ကွဲ​စေ​လို​သ​ဖြင့် သူ့​ကို​တိတ်​တ​ဆိတ်​ကွာ​ရှင်း​ရန် ရည်​ရွယ်​လေ​၏။

20. သို့​သော် ဤ​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ယော​သပ်​အား အိပ်​မက်​ထဲ​တွင်​ထင်​ရှား​၍ “ဒါ​ဝိဒ်​၏​သား​ယော​သပ်၊ မာ​ရိ​အား သင်​၏​ဇ​နီး​အ​ဖြစ်​ယူ​ရ​မည်​ကို မ​စိုး​ရိမ်​နှင့်။ အ​ကြောင်း​မူ​ကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖြစ်​၏။

21. သူ​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို သူ​တို့​၏​အ​ပြစ်​များ​မှ ကယ်​တင်​မည်​ဖြစ်​သော​ကြောင့် သူ​၏​အ​မည်​ကို ယေ​ရှု​ဟူ​၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်​ဆို​လေ​၏။