1. အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား
2. အာဗြဟံသည် သားဣဇက်ကိုရ၏။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။
3. ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။
4. အာရံသည် သားအမိနဒပ်ကိုရ၏။ အမိနဒပ်သည် သားနာရှုန်ကိုရ၏။ နာရှုန်သည် သားစာလမုန်ကိုရ၏။
5. စာလမုန်သည် ရာခပ်အားဖြင့် သားဗောဇကိုရ၏။ ဗောဇသည် ရုသအားဖြင့် သားဩဗက်ကိုရ၏။ ဩဗက်သည် သားယေရှဲကိုရ၏။
6. ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယားအားဖြင့် သားရှောလမုန်ကိုရ၏။
7. ရှောလမုန်သည် သားရောဗောင်ကိုရ၏။ ရောဗောင်သည် သားအဘိယကိုရ၏။ အဘိယသည် သားအာသကိုရ၏။
8. အာသသည် သားယောရှဖတ်ကိုရ၏။ ယောရှဖတ်သည် သားယောရံကိုရ၏။ ယောရံသည် သားဩဇိကိုရ၏။
9. ဩဇိသည် သားယောသံကိုရ၏။ ယောသံသည် သားအာခတ်ကိုရ၏။ အာခတ်သည် သားဟေဇကိကိုရ၏။
10. ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။