Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:8-19 Myanmar Standard Bible (MSB)

8. ထို​ခ​ဏ​ချင်း​တွင် သူ​တို့​သည် ပတ်​ပတ်​လည်​သို့​ကြည့်​လိုက်​သော် ယေ​ရှု​တစ်​ပါး​တည်း​သာ မိ​မိ​တို့​နှင့်​အ​တူ​ရှိ​သည်​ကို​တွေ့​မြင်​၍ အ​ခြား​မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ​တော့​ချေ။

9. ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ကိုယ်​တော်​က သူ​တို့​တွေ့​မြင်​ခဲ့​ရ​သော​အ​ရာ​များ​ကို လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ မည်​သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

10. သူ​တို့​သည်​လည်း ထို​စ​ကား​ကို မှတ်​သား​ထား​လျက် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ခြင်း​ဆို​သည်​မှာ မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​မေး​မြန်း​ကြ​၏။

11. ထို့​နောက် သူ​တို့​က “ဧ​လိ​ယ​သည် ဦး​စွာ​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း”​ဟူ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

12. ကိုယ်​တော်​က​လည်း “ဧ​လိ​ယ​သည် ဦး​စွာ​လာ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို ပြန်​လည်​ထူ​ထောင်​မည်​မှန်​၏။ သို့​ရာ​တွင် လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​ပြီး ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​မည်​ဟု ရေး​ထား​သည်​မှာ မည်​သို့​နည်း။

13. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧ​လိ​ယ​သည် ရောက်​လာ​ခဲ့​ပြီ။ လူ​တို့​သည်​လည်း သူ​နှင့်​ပတ်​သက်​၍ ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း သူ့​အ​ပေါ် ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ”​ဟု မိန့်​တော်​မူ​၏။

14. ထို့​နောက် သူ​တို့​သည် အ​ခြား​တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​ကြ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် တ​ပည့်​တော်​တို့​ကို​ဝိုင်း​ရံ​လျက်​ရှိ​၍ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့်​ငြင်း​ခုံ​ပြော​ဆို​နေ​ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။

15. လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​သည်​နှင့် အ​လွန်​အံ့​သြ​လျက် ပြေး​လာ​၍​ကိုယ်​တော်​ကို​နှုတ်​ဆက်​ကြ​၏။

16. ကိုယ်​တော်​က​လည်း တ​ပည့်​တော်​တို့​အား “သင်​တို့​သည် ထို​သူ​တို့​နှင့် မည်​သည့်​အ​ကြောင်း​အ​ရာ​ကို ဆွေး​နွေး​နေ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။

17. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​တစ်​ဦး​က “ဆ​ရာ၊ ဆွံ့​အ​သော​နတ်​ပူး​နေ​သည့် အ​ကျွန်ုပ်​၏​သား​ကို ဆ​ရာ့​ထံ​ခေါ်​ဆောင်​လာ​ပါ​၏။

18. နတ်​သည် သူ့​ကို​ဖမ်း​စား​သည့်​အ​ခါ​တိုင်း သူ့​ကို​လှဲ​ချ​၍ သူ​သည် ပါး​စပ်​မှ​အ​မြှုပ်​ထွက်​ပြီး အံ​သွား​ကြိတ်​ကာ မာ​တောင့်​လာ​တတ်​ပါ​၏။ သို့​ဖြစ်​၍ ကိုယ်​တော်​၏​တ​ပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် တောင်း​ပန်​သော်​လည်း သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။

19. ကိုယ်​တော်​က​လည်း “အို ယုံ​ကြည်​ခြင်း​မ​ရှိ​သော​မျိုး​ဆက်၊ ငါ​သည် သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ သင်​တို့​ကို မည်​မျှ​ကြာ​အောင်​သည်း​ခံ​ရ​မည်​နည်း။ သူ့​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။