Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:45-50 Myanmar Standard Bible (MSB)

45. သင်​၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် ခြေ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

46. [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

47. သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

48. ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။

49. လူ​တိုင်း​သည် မီး​အား​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

50. ဆား​သည်​ကောင်း​၏။ သို့​သော် ဆား​သည် အ​ငန်​ဓာတ်​ကင်း​မဲ့​သွား​လျှင် ၎င်း​ကို မည်​သည့်​အ​ရာ​ဖြင့် အ​ရ​သာ​ရှိ​စေ​မည်​နည်း။ သင်​တို့​သည် မိ​မိ​ကိုယ်​တိုင်​၌ ဆား​ရှိ​စေ​၍ အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။