Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:38-49 Myanmar Standard Bible (MSB)

38. ယော​ဟန်​က “ဆ​ရာ၊ ဆ​ရာ​၏​နာ​မ​ဖြင့် နတ်​ဆိုး​များ​နှင်​ထုတ်​နေ​သူ​တစ်​ဦး​ကို အ​ကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်​သော​ကြောင့် သူ့​ကို​တား​မြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။

39. သို့​သော် ယေ​ရှု​က “သူ့​ကို​မ​တား​မြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ငါ​၏​နာ​မ​ဖြင့် တန်​ခိုး​လက္ခ​ဏာ​ကို​ပြု​ပြီး​နောက် မ​ကြာ​မီ​အ​တွင်း ငါ့​ကို​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

40. ငါ​တို့​ကို​မ​ဆန့်​ကျင်​သော​သူ​သည် ငါ​တို့​ဘက်​သား​ဖြစ်​၏။

41. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ခ​ရစ်​တော်​၏​တ​ပည့်​ဟူ​သော​အ​မည်​နာ​မ​ကို​ထောက်​၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အ​ကျိုး​ကျေး​ဇူး​ကို လုံး​ဝ​ဆုံး​ရှုံး​ရ​မည်​မ​ဟုတ်။

42. သို့​သော် ငါ့​ကို​ယုံ​ကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​ကို မှား​ယွင်း​စေ​သော​သူ​သည် ကြီး​မား​သော​ကြိတ်​ဆုံ​ကျောက်​ကို သူ့​လည်​ပင်း​၌​ဆွဲ​လျက် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​၏။

43. သင်​၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​င​ရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

44. [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

45. သင်​၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် ခြေ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

46. [ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]

47. သင်​၏​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​လုံး​ပါ​လျက် င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​သည်​ထက် မျက်​စိ​တစ်​လုံး​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​စား​ရ​သည်​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

48. ထို​နေ​ရာ​တွင် လောက်​ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။

49. လူ​တိုင်း​သည် မီး​အား​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။