Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 9:3-12 Myanmar Standard Bible (MSB)

3. ဝတ်​ရုံ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ မည်​သည့်​ခ​ဝါ​သည်​မျှ ထို​ကဲ့​သို့​ဖြူ​ဖွေး​စေ​ရန် မ​လုပ်​နိုင်​လောက်​အောင် အ​လွန်​ဖြူ​ဖွေး​တောက်​ပ​လာ​လေ​၏။

4. ဧ​လိ​ယ​နှင့်​မော​ရှေ​တို့​သည်​လည်း သူ​တို့​ရှေ့​တွင်​ပေါ်​လာ​၍ ယေ​ရှု​နှင့်​စ​ကား​ပြော​နေ​ကြ​၏။

5. ထို​အ​ခါ ပေ​တ​ရု​က “ရဗ္ဗိ၊ ဤ​နေ​ရာ​သည် အ​ကျွန်ုပ်​တို့​အ​တွက် နေ​စ​ရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်​တော်​အ​တွက်​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင် အ​ကျွန်ုပ်​တို့​ဆောက်​ပါ​ရ​စေ”​ဟု ယေ​ရှု​အား​လျှောက်​ထား​လေ​၏။

6. သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် ပေ​တ​ရု​သည် မည်​သို့​လျှောက်​ရ​မည်​ကို​မ​သိ​သော​ကြောင့် ထို​သို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။

7. ထို​အ​ခါ မိုး​တိမ်​သည်​ပေါ်​လာ​၍ သူ​တို့​ကို​ဖုံး​လွှမ်း​ပြီး​လျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​စ​ကား​ကို​နား​ထောင်​ကြ​လော့”​ဟု မိုး​တိမ်​ထဲ​မှ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

8. ထို​ခ​ဏ​ချင်း​တွင် သူ​တို့​သည် ပတ်​ပတ်​လည်​သို့​ကြည့်​လိုက်​သော် ယေ​ရှု​တစ်​ပါး​တည်း​သာ မိ​မိ​တို့​နှင့်​အ​တူ​ရှိ​သည်​ကို​တွေ့​မြင်​၍ အ​ခြား​မည်​သူ့​ကို​မျှ မ​တွေ့​မြင်​ကြ​တော့​ချေ။

9. ထို့​နောက် တောင်​ပေါ်​မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ကိုယ်​တော်​က သူ​တို့​တွေ့​မြင်​ခဲ့​ရ​သော​အ​ရာ​များ​ကို လူ့​သား​သည် သေ​သော​သူ​တို့​ထဲ​မှ မ​ထ​မြောက်​မီ မည်​သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။

10. သူ​တို့​သည်​လည်း ထို​စ​ကား​ကို မှတ်​သား​ထား​လျက် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ခြင်း​ဆို​သည်​မှာ မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​မေး​မြန်း​ကြ​၏။

11. ထို့​နောက် သူ​တို့​က “ဧ​လိ​ယ​သည် ဦး​စွာ​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​က အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း”​ဟူ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

12. ကိုယ်​တော်​က​လည်း “ဧ​လိ​ယ​သည် ဦး​စွာ​လာ​၍ အ​ရာ​ခပ်​သိမ်း​တို့​ကို ပြန်​လည်​ထူ​ထောင်​မည်​မှန်​၏။ သို့​ရာ​တွင် လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​ပြီး ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​မည်​ဟု ရေး​ထား​သည်​မှာ မည်​သို့​နည်း။