Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 8:9-22 Myanmar Standard Bible (MSB)

9. ထို​နေ​ရာ​၌ လူ​လေး​ထောင်​ခန့်​ရှိ​ကြ​၏။ ထို့​နောက် ကိုယ်​တော်​သည် လူ​တို့​ကို ပြန်​လွှတ်​တော်​မူ​ပြီး​လျှင်

10. တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​ချက်​ချင်း​တက်​၍ ဒါ​လ​မ​နု​သ​နယ်​မြေ​ဒေ​သ​များ​သို့ ကြွ​တော်​မူ​၏။

11. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​လာ​၍ ကိုယ်​တော်​နှင့်​ငြင်း​ခုံ​ပြော​ဆို​ကြ​ကာ ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။

12. ကိုယ်​တော်​သည် မိ​မိ​စိတ်​တော်​ထဲ​၌ သက်​ပြင်း​ချ​ကာ “ဤ​မျိုး​ဆက်​သည် အ​ဘယ်​ကြောင့် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သ​နည်း။ သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​မျိုး​ဆက်​အား မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ ပြ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

13. သူ​တို့​ကို​ထား​ခဲ့​၍ တစ်​ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်​ဖက်​ကမ်း​သို့​ကူး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ဆောင်​လာ​ရန် မေ့​လျော့​ကြ​သ​ဖြင့် လှေ​ပေါ်​တွင် သူ​တို့​၌​မုန့်​တစ်​လုံး​တည်း​သာ​ရှိ​၏။

15. ထို​အ​ခါ ကိုယ်​တော်​က “ဖာ​ရိ​ရှဲ​တို့​၏​တ​ဆေး​နှင့် ဟေ​ရုဒ်​၏​တ​ဆေး​တို့​ကို အ​ထူး​သ​တိ​ပြု​ကြ​လော့”​ဟု မိန့်​မှာ​တော်​မူ​၏။

16. တ​ပည့်​တော်​တို့​က​လည်း မိ​မိ​တို့​၌ မုန့်​မ​ပါ​သော​ကြောင့်​ဖြစ်​သည်​ဟု အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​၏။

17. ထို​သို့​ပြော​ဆို​ကြ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ​လျှင် “သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အ​ဘယ်​ကြောင့်​အ​ချေ​အ​တင်​ပြော​ဆို​ကြ​သ​နည်း။ သင်​တို့​သ​ဘော​မ​ပေါက်​နား​မ​လည်​ကြ​သေး​သ​လော။ သင်​တို့​စိတ်​နှ​လုံး​သည် မာ​ကျော​လျက်​ရှိ​နေ​သေး​သ​လော။

18. သင်​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ​သ​လော။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​သ​လော။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။

19. မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့်​ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “တစ်​ဆယ့်​နှစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

20. “မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အ​တွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အ​ကျိုး​အ​ပဲ့​များ​ကို တောင်း​အ​ပြည့် ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ခု​နစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။

21. တစ်​ဖန် ကိုယ်​တော်​က “သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော”​ဟု မိန့်​တော်​မူ​၏။

22. သူ​တို့​သည် ဗက်​ဇဲ​ဒ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် မျက်​မ​မြင်​တစ်​ဦး​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​၍ သူ့​ကို​တို့​ထိ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။