Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 8:1-4 Myanmar Standard Bible (MSB)

1. ထို​နေ့​ရက်​တို့​၌ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် တစ်​ဖန်​စု​ဝေး​လာ​ကြ​၏။ ထို​သူ​တို့​၌ စား​စ​ရာ​မ​ရှိ​သော​ကြောင့် ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍

2. “ဤ​လူ​ထု​ပ​ရိ​သတ်​ကို ငါ​သ​နား​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သုံး​ရက်​တိုင်​တိုင် ငါ​နှင့်​အ​တူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်​သည့်​စား​စ​ရာ​မျှ​မ​ရှိ။

3. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ဝေး​မှ​လာ​ကြ​သည်​ဖြစ်​၍ သူ​တို့​ကို​ဘာ​မျှ​မ​ကျွေး​ဘဲ မိ​မိ​တို့​အိမ်​သို့​ပြန်​သွား​စေ​လျှင် သူ​တို့​သည် လမ်း​ခ​ရီး​၌ အား​ပြတ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

4. တ​ပည့်​တော်​တို့​က​လည်း “ဤ​တော​ကန္တာ​ရ​၌ မည်​သူ​သည် အ​ဘယ်​က​မုန့်​ကို​ယူ​၍ ဤ​သူ​တို့​အား ဝ​လင်​စွာ​ကျွေး​နိုင်​ပါ​မည်​နည်း”​ဟု ပြန်​လျှောက်​ကြ​၏။