Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:52-56 Myanmar Standard Bible (MSB)

52. အ​ကြောင်း​မူ​ကား သူ​တို့​သည် မုန့်​နှင့်​ပတ်​သက်​သော​ဖြစ်​ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​လျက်​ရှိ​ကြ​သော​ကြောင့်​ဖြစ်​၏။

53. ထို့​နောက် သူ​တို့​သည် ပင်​လယ်​ကို​ကူး​၍ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​သ​ဖြင့် လှေ​ကို​ဆိုက်​ကပ်​ကြ​၏။

54. လှေ​ပေါ်​မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်​တော်​ကို​ချက်​ချင်း​မှတ်​မိ​ကြ​သ​ဖြင့်

55. ထို​အ​ရပ်​ဒေ​သ​တစ်​ဝန်း​လုံး​သို့​ပြေး​သွား​ကာ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေ​ရာ​သို့ နာ​မ​ကျန်း​ဖြစ်​သူ​တို့​ကို အိပ်​ရာ​နှင့်​တ​ကွ​သယ်​ဆောင်​လာ​ကြ​၏။

56. ကိုယ်​တော်​ကြွ​တော်​မူ​သော မြို့​၌​ဖြစ်​စေ၊ ကျေး​လက်​တော​ရွာ​၌​ဖြစ်​စေ၊ လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အ​ရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ပန်း​ဖွား​ကို​မျှ တို့​ထိ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​ကြ​၏။ ကိုယ်​တော်​ကို တို့​ထိ​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။