Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:5-13 Myanmar Standard Bible (MSB)

5. ကိုယ်​တော်​သည် မ​ကျန်း​မာ​သော​သူ​အ​နည်း​ငယ်​တို့​အ​ပေါ် လက်​တော်​တင်​လျက် ကျန်း​မာ​စေ​ခဲ့​ခြင်း​မှ​တစ်​ပါး ထို​နေ​ရာ​၌ မည်​သည့်​တန်​ခိုး​လက္ခ​ဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။

6. ကိုယ်​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​အ​တွက် အံ့​သြ​တော်​မူ​ပြီး ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​သို့ လှည့်​လည်​၍​သွန်​သင်​တော်​မူ​၏။

7. ထို့​နောက် ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​နှစ်​ဦး​စီ​စေ​လွှတ်​ကာ သူ​တို့​အား ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​အာ​ဏာ​ကို​ပေး​တော်​မူ​၏။

8. ထို့​ပြင် လမ်း​ခ​ရီး​အ​တွက် တောင်​ဝှေး​တစ်​ချောင်း​မှ​တစ်​ပါး မည်​သည့်​အ​ရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အ​စား​အ​စာ၊ လွယ်​အိတ်​နှင့် ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါး​ပန်း​၌​မ​ထည့်​သွား​ဘဲ

9. ဖိ​နပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်​မှာ​တော်​မူ​၏။

10. တစ်​ဖန် သူ​တို့​အား “မည်​သည့်​အ​ရပ်​တွင်​မ​ဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သော​အ​ခါ ထို​အ​ရပ်​မှ​ပြန်​လည်​ထွက်​ခွာ​သည့်​တိုင်​အောင် ထို​အိမ်​၌​တည်း​ခို​ကြ​လော့။

11. မည်​သည့်​အ​ရပ်​၌​မ​ဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စ​ကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အ​ရပ်​မှ​ထွက်​ခွာ​ကြ​စဉ် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​စေ​ရန် သင်​တို့​၏​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ လူ​တို့​နောင်​တ​ရ​ကြ​မည့်​အ​ကြောင်း ဟော​ပြော​ကြ​၏။

13. သူ​တို့​သည် များ​စွာ​သော​နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကာ မ​ကျန်း​မာ​သော​သူ​များ​စွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်း​မာ​စေ​ကြ​၏။