48. လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုဖြတ်သွားမည်ပြုလေ၏။
49. တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တစ္ဆေဖြစ်သည်ဟုထင်မှတ်လျက် အော်ဟစ်ကြ၏။
50. သူတို့အားလုံးသည် ကိုယ်တော်ကိုတွေ့မြင်၍ တုန်လှုပ်ချောက်ချားကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်သည် ချက်ချင်းပင် သူတို့နှင့်စကားပြောလျက် “မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
51. ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။
52. အကြောင်းမူကား သူတို့သည် မုန့်နှင့်ပတ်သက်သောဖြစ်ရပ်ကိုနားမလည်ဘဲ သူတို့၏စိတ်နှလုံးမာကျောလျက်ရှိကြသောကြောင့်ဖြစ်၏။
53. ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။
54. လှေပေါ်မှ သူတို့ဆင်းကြရာ လူတို့သည် ကိုယ်တော်ကိုချက်ချင်းမှတ်မိကြသဖြင့်
55. ထိုအရပ်ဒေသတစ်ဝန်းလုံးသို့ပြေးသွားကာ ကိုယ်တော်ရှိတော်မူသည်ဟု သူတို့ကြားရသည့်နေရာသို့ နာမကျန်းဖြစ်သူတို့ကို အိပ်ရာနှင့်တကွသယ်ဆောင်လာကြ၏။
56. ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။